DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် အဆိုတော်ကျားပေါက်၏ Ukulele ဂစ်တာလေလံ ဒေါ်လာ ၁ သောင်း အမြင့်ဆုံး ရရှိထား
DVB
·
October 17, 2021
တော်လှန်ရေးအတွက် အဆိုတော်ကျားပေါက်၏ Ukulele ဂစ်တာလေလံ  ဒေါ်လာ ၁ သောင်း အမြင့်ဆုံး ရရှိထား
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတလက်ကို လေလံတင်ရောင်းချနေပြီး လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ဒီလေလံပွဲကိုတော့ အောက်တိုဘာ ၁၆ ရက်က စတင်ခဲ့ပြီး ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ ၁,၀၀၀ နဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ လတ်တလောမှာတော့ ဒေါ်လာ ၁ သောင်းထိ အမြင့်ဆုံးဈေး ရရှိထားခဲ့တယ်လို့ သိရပါတယ်။

“ကျနော့် signature doodle ukulele လေး charity အတွက် လေလံဆွဲတာ ၄၅ မိနစ်အတွင်း USD 4000 ရတယ်ဆိုလို့ မျက်လုံးပြူးရပါတယ်။ စီစဉ်ပေးတဲ့သူများက ကြမ်းခင်းစျေးကို USD ၁၀၀၀ ထားလို့ ကျနော်က ဘယ်သူမှ အဲ့လောက်မပေးလောက်ဘူးဆိုပြီး လှမ်းတားပါတယ်။ But အခု မိနစ်ပိုင်းလေးမှာ ukulele လေးရဲ့တန်ဖိုးဟာ အဆပေါင်းများစွာ တက်လာခဲ့ပါပြီ။ ဒါဟာ ကျနော့် art ကို ဝယ်ချင်တာထက် NUG ကို support လုပ်ချင်တဲ့ စေတနာတွေလို့ ယုံကြည်ပါတယ်။ အရေးတော်ပုံ အကြွင်းမရှိအောင်ရမယ်။”

ဒီလေလံပွဲကိုတော့ ဒီကနေ့ည ၉ နာရီတိတိမှာ ပိတ်သိမ်းမှာဖြစ်ပြီး Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာ လေလံပွဲရောင်းချငွေ အားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာဖြစ်ကာ လေလံအောင်သူကိုလည်း NUG ကနေ အသိအမှတ်ပြု အလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013