DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များ ဆေးဝါးအကူ ကျပ်သိန်း ၃၀ ဖိုး လိုအပ်နေ၊ Clean Yangon မှတဆင့် လှူဒါန်းနိုင်
DVB
·
October 16, 2021
စစ်ဘေးရှောင်များ ဆေးဝါးအကူ ကျပ်သိန်း ၃၀ ဖိုး လိုအပ်နေ၊ Clean Yangon မှတဆင့် လှူဒါန်းနိုင်
Donate to DVB

စစ်ဘေးရှောင်မိသားစုတွေအတွက် ဆေးဝါးပစ္စည်း လိုအပ်ချက် ငွေကျပ်သိန်း ၃၀ လောက်ရှိနေပြီး  Clean Yangon အဖွဲ့ကတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

“ကူပေးနေတဲ့ ဆေးပစ္စည်းတွေက အဖွဲ့မှာ ကုန်သလောက်ဖြစ်သွားပြီ။ ထပ်ဖြည့်မယ်ဆို သိန်း ၃၀ ဖိုးလောက် ဖြည့်ရဦးမယ်။ စစ်ဘေးရှောင်ကမ့်တွေနဲ့ တောင်ပေါ်ဒေသမှာ လှည့်လည်ပြီး ကူနေတဲ့ ကျနော်တို့ရဲ့ ဆေးကုသရေးအဖွဲ့အတွက် လိုနေတဲ့ဆေးဝါးဖိုး အလှူခံ ချင်ပါတယ်”

အလှူဆေးဝါးပစ္စည်းတွေ လိုက်လံစုစည်းပြီး လိုအပ်တဲ့ဒေသတွေဆီ ပြန်ပို့ဖို့အတွက် ခက်ခဲတာကြောင့် ပစ္စည်းတွေထက် ပိုက်ဆံပဲလှူပေးတာ ပိုသင့်တော်တယ်လို့ ဆိုပါတယ်။

အလှူရှင်တွေ လှူဒါန်းမှုကြောင့် လိုအပ်တဲ့ အလှူငွေပမာဏထက်ကျော်သွားရင်လည်း လိုအပ်တဲ့ တခြားနေရာတွေဆီ ရောက်စေဖို့ တာဝန်ယူမှာဖြစ်ကာ Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Message Box ကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013