DVB Logo
Home
မြန်မာသတင်း
ထွေအုပ် CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီဖွဲ့စည်း
DVB
·
October 16, 2021
ထွေအုပ် CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီဖွဲ့စည်း
Donate to DVB

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူသိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့တော်လှန်ရေးရဲ့ မောင်းနှင်အားတစ်ခုဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း အစည်းအဝေးကျင်းပပြီး ဒီအုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။

ကော်မတီအနေနဲ့ CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြန်လည်စုစည်းပြီး ဘေးကင်း လုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ဖို့၊ CDMဝန်ထမ်းတွေနဲ့ မိသားစုတွေအကြား ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို ကူညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့၊ CDM မပြုလုပ်ရသေးတဲ့ ဝန်ထမ်းတွေကို CDM နဲ့ Pre CDM တွေ ပြုလုပ်လာစေပြီး မကြာမီကာလမှာ အကောင်အထည်ဖော်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်သစ်တရပ် ပေါ်ပေါက်လာစေရေး အထောက်အပံ့ကောင်းဖြစ်စေဖို့ စတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့အတွက် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာကြတဲ့ ပြည်သူ့ဘက်တော်သား စစ်သားတွေ၊ ရဲတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ အသီးသီးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လက်ခံကြိုဆိုနေပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013