DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်ဖွင့်ရေး ဆက်လက်ဆိုင်းငံ့
DVB
·
October 15, 2021
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်ဖွင့်ရေး ဆက်လက်ဆိုင်းငံ့
Donate to DVB

တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးတဲ့ အစည်းအဝေးမှာ ကုန်သွယ်ရေး မျှတမှု မရှိတာကြောင့် ဆိုင်းငံ့ထားလိုက်တယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံ  နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ရေးအတွက် အစည်းဝေးတခုကို အောက်တိုဘာ ၁၄ ရက်နေ့က Online ကနေကျင်းပခဲ့တာပါ။

တရုတ်ပြည်ဘက်က တရုတ်နိုင်ငံတွင်းမှာ ရှိတဲ့ ကုန်ပစ္စည်းတွေအား မြန်မာနိုင်ငံအတွင်းကို ထုတ်ခွင့်ပြုပေမယ့် မြန်မာကထွက်ရှိတဲ့ ပစ္စည်းတွေကို တရုတ်နိုင်ငံဘက် ဝယ်ခွင့်မပြုဘူးဆိုပြီး တင်ပြလာတာကြောင့် မြန်မာနိုင်ငံက လက်မခံခဲ့တာလို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက DVB ကိုပြောပါတယ်။ 

“ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း ဒါဆိုရင်တော့ မဖြစ်နိုင်ဘူး။ တရုတ်ပြည်က ကားအစီး ၁၀၀၀ မြန်မာပြည်ကိုဝင်ရင် ကျနော်တို့ မြန်မာပြည်ကလည်း ကားအစီး ၁၀၀၀ ခင်ဗျားတို့ တရုတ်ပြည်က ခွင့်ပြုမှ ကုန်သွယ်ရေးမျှတမှု ဆိုတာ ဖြစ်ပေါ်လာမယ်။ ဒါကြောင့် တဖက်သတ် တရုတ်ပြည်ကပဲ မြန်မာပြည်ကိုသွင်းမယ်၊ မြန်မာပြည်က ကုန်ပစ္စည်းတွေကို တရုတ်ပြည်ကို မသွင်းရဘူးဆိုတဲ့ ကိစ္စတော့ ကျနော်တို့ လက်မခံနိုင်ဘူးဆိုပြီး တင်ပြလာတော့ တဖက် တရုတ်နိုင်ငံက တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း ကောင်းပါပြီ ဒီကိစ္စတွေကို ကျနော်တို့ ဗဟိုအစိုးရဆီ တင်ပြပေးပါမယ် ဆိုပြီး ပြောပြီးတော့ အစည်းဆုံးသွားတယ်။” 

တရုတ်ဘက်က တဖက်သတ် ကုန်သွယ်မှုပုံစံ ဖြစ်နေကာ ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပြီး တရုတ်ကုန် တင်သွင်းခွင့်ပေးပါက ကျင်ဆန်းကျော့-ဝမ်တိန်ကိုလည်း ဖွင့်ပြီး မြန်မာကုန်တွေ တင်ပို့ခွင့်ပြုဖို့ လိုတယ်လို့ ဆိုပါတယ်။

“ဖြစ်ချင်တာကတော့ မျှမျှတတပေါ့။ ကုန်သွယ်ရေးကို တဖက်စောင်းနင်း အသာစီး ယူထားတဲ့ ပုံစံ မဟုတ်ပဲနဲ့ တရုတ်နိုင်ငံကရော မြန်မာနိုင်ငံ ကရော အဝင်အထွက်တွေကို မျှမျှတတနဲ့ ဝင်ထွက် ပြုမယ်ဆိုရင်တော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ယခင်လိုပဲ တိုးတက်လာမယ်လို့ ပြောချင်ပါတယ်။” လို့ သူက ထပ်မံ ရှင်းပြပါတယ်။ 

မူလက မြန်မာဘက်တင်ပို့မယ်ကုန်တွေကို အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၇ ရက်ထိ တင်သွင်းဖို့ တရုတ်ဘက်က စာထွက်ထားတာရှိပေမယ့် နှစ်နိုင်ငံ သဘောတူညီချက်မရတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ တက်ရောက်သူတွေကတော့ မြန်မာဘက်က မူဆယ်နယ်စပ် စီးပွားကူးသန်း၊ နယ်စပ်ကုန်သွယ်ရေးက ပုဂ္ဂိုလ်တွေ၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပုဂ္ဂိုလ်တွေ၊ ကုန်သည်တွေ၊ တရုတ်အဖွဲ့အစည်းက ဥက္ကဋ္ဌတွေ တက်ရောက်ပြီး တရုတ်ဘက်က ယူနန်ပြည်နယ် ခရိုင်အဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်တယ်လို့ ဆိုပါတယ်။

ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ပေါက်ကို ကိုဗစ်ကြောင်းပြချက်နဲ့ တရုတ်ဘက်က ဧပြီလ လဆန်းပိုင်းကတည်းက ယာယီပိတ်ထားတာဖြစ်ပြီး ပိတ်မိနေတဲ့ ကုန်ကား အစီး ၃၀၀ လောက်ရှိတယ်လို့ မြန်မာကုန်ဂိတ်ပိုင်ရှင်တဦးက ပြောပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013