DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ် သတင်းမှားများနှင့် ဝါဒဖြန့်ချိရေးပို့စ်များတင်ရန် တပ်တွင်း လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်နေ
DVB
·
October 15, 2021
ဖေ့စ်ဘွတ်ခ်ပေါ် သတင်းမှားများနှင့် ဝါဒဖြန့်ချိရေးပို့စ်များတင်ရန် တပ်တွင်း လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်နေ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီဟာ ဖေ့စ်ဘွတ်ခ်နဲ့ တခြားဆိုရှယ်မီဒီယာတွေပေါ်မှာ သတင်းအမှားတွေနဲ့ ဝါဒဖြန့်ချိရေးပို့စ်တွေကို တပ်တွင်းလုပ်ငန်းစဉ်တာဝန်တရပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ စေခိုင်းနေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ကနေ ပေါက်ကြားလာတဲ့ အချက်အလက်မှတ်တမ်းတွေအရ သိရပါတယ်။

ဒီလို ဝါဒဖြန့်ချိရေး သတင်းအမှားတွေကို ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေရတဲ့ လုပ်ငန်းစဉ်ကို တပ်ထဲက အမျိုးသမီးတွေကပါ ပြုလုပ်နေရတာကို ဒီဗွီဘီကရရှိထားတဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်က  အမျိုးသမီးအရာရှိတွေ ပြုစုပြီးအထက်ကိုတင်ပြရတဲ့ စာရွက်စာတမ်းအထောက်အထားတွေမှာ တွေ့ရှိရပါတယ်။

ဒီစာရင်းမှာဆိုရင် တပ်တွင်းအမျိုးသမီးတဦးက တပတ်အတွင်း ပို့စ် ၁၅ ခုတင်ခဲ့ကြောင်း၊ တင်ခဲ့တဲ့ ပို့စ်တခုချင်းအကြောင်းအရအပြင်  like ၂၄၄ ခု နဲ့ share ၄၇ ခါရကြောင်းတွေကိုပါ သေးစိတ် အစီရင်ခံတင်ပြထားပါတယ်။

ဒီအချက်အလက်တွေအရ အမျိုးသမီးအရာရှိတစ်ဦး ဒါမှမဟုတ် တပ်ထဲက အမျိုးသမီးတစ်ဦး လူမှုကွန်ရက်အသုံးပြုပြီး ဝါဒဖြန့်တာဖြစ်ဖြစ် သတင်းအမှားဖြန့်တာ ဖြစ်ဖြစ် တစ်နေ့ကို post တစ်ခုနဲ့အထက် တင်ရတာကို လုပ်ငန်းစဉ်တစ်ခုလို လုပ်ဆောင်နေကြတာပါ။

ဒီလို လုပ်ငန်းကို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဇနီးဖြစ်သူက ဦးဆောင်ကာ အဖွဲ့တဖွဲ့ဖွဲ့စည်းပြီး တပ်ရင်းတပ်ဖွဲ့တွေထဲက အမျိုးသမီးတွေကို  နေ့စဉ်တာဝန်အဖြစ်ခိုင်းစေနေတာလို့လည်း အတည်ပြုလို့မရနိုင်သေးတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက အာဏာသိမ်းစစ်ကောင်စီကပဲ စတင်ပိတ်ပင် ကန့်သတ်ခဲ့ပါတယ်။

အခုချိန်ထိလည်း ကန့်သတ်ပိတ်ပင်ထားတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာပဲ ဝါဒဖြန့်ချိရေးတွေကို လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ တပ်တွင်းမှာ အမျိုးသမီးတွေပါမကျန် ပြုလုပ်နေရတာ အထောက်အထားတွေနဲ့တကွ ပေါ်ထွက်လာတာဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ NUG ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ ဒေသတွင်း PDF တွေနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ၊ သတင်းထောက်တွေကို မဟုတ်မမှန် စွပ်စွဲထားတဲ့ ပို့စ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013