DVB Logo
Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည်၊ ရှမ်းပြည်ဖက်ဒရယ်မူရေးဆွဲမည်ဟု RCSS/SSA ကြေညာ
DVB
·
October 15, 2021
စစ်ရေးပဋိပက္ခကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည်၊ ရှမ်းပြည်ဖက်ဒရယ်မူရေးဆွဲမည်ဟု RCSS/SSA ကြေညာ
Donate to DVB

ရှမ်းပြည်နယ်တွင်းမှာ လတ်တလော ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ဆောင်ရွက်သွားမယ်လို့  ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA  အဖွဲ့က ကြေညာပါတယ်။ 

ဒီကနေ့ အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)လက်မှက်ရေးထိုးမှု ၆ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်အကျိုး၊ ရှမ်းပြည်တိုင်းရင်းသားတွေအကျိုးကိုရှေ့ရှုပြီး ရှမ်းပြည်စည်း လုံးညီညွတ်ရေးအတွက်  ရှမ်းပြည်နိုင်ငံရေးအင်အားစုအားလုံးလက်ခံနိုင်တဲ့ ရှမ်းပြည်ဖက်ဒ ရယ်မူကို စုပေါင်းရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ကျင့်သုံးနိုင်ရေး၊ နိုင်ငံတကာရောက် အင်အားစုအပါအဝင် ရှမ်းပြည်အင်အားစုများအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ထောင်စုတွင်းရှိ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခြင်း စတာတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

တပ်မတော်ကအာဏာသိမ်းပြီး အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်းခဲ့တာကြောင့် အန်စီအေစာချုပ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်ပြီးမဆောင်ရွက်နိုင်တော့ကြောင်း၊ RCSS ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင်ဖြစ်တာကြောင့် အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ PPST ကချမှတ်ထားတဲ့ နိုင်ငံရေးရပ်တည်ချက် ၇ ချက်အတိုင်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ RCSS/SSA ဟာ အရပ်သားအစိုးရနဲ့ အပစ်ရပ်သဘောတူစာချုပ်၊ တနိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် အန်စီအေတို့ကို လက်မှတ်ရေးထိုးခဲ့တာ ၆ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ 

ဒါပေမဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအားနည်းခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်မှုဆိုင်ရာ လုပ်ငန်းမှာလည်း လိုရာပန်းတိုင်မရောက်ခဲ့ ကြောင်း ၊ နှစ်ဘက်သဘောတူစာချုပ်တွေ အပြည့်အဝအကောင်အထည်မဖော်နိုင်တာဟာလည်း အန်စီအေစာချုပ်ကို သက်ရောက်စေပြီး ခိုင်မြဲတဲ့နှစ်ဘက်ယုံကြည်မှုတည်ဆောက်ရာမှာ အဟန့်အတားလို ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

RCSS/SSA  ဟာ အစိုးရနဲ့ အန်စီအေလမ်းစဉ် မအောင်မြင်ခဲ့သလို တဘက်ကလည်း ပြည်နယ်တွင်းရှိ SSPP/SSA ရှမ်းပြည်တပ်မတော်  PSLF /TNLA ပလောင်တပ်ဖွဲ့တွေနဲ့လည်း နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေဖြစ်နေရာမှာ ရွာသားပေါင်း ၆၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013