DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် မြို့နယ်ထွေအုပ်ရုံး ဗုံးပစ်ခံရ
DVB
·
October 13, 2021
မန္တလေးတွင် မြို့နယ်ထွေအုပ်ရုံး ဗုံးပစ်ခံရ
Donate to DVB

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၆၁လမ်း၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အောက်တိုဘာ ၁၂ ရက် နေ့ခင်း ၂ နာရီခွဲကျော်အချိန်က ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ် တစ်စီး လူ ၂ ယောက်က ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ပြီး လက်နက်ကိုင် စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်တာရှိတယ်လို့ သိရပါတယ်။

အနီးပတ်ဝန်းကျင်ရှိပြည်သူတစ်ဦးက “ချမ်းမြသာစည်မြို့နယ် ထွေအုပ်ရုံးနားမှာ စစ်သားတွေအမြဲရှိတယ်။ ရုံးက အရင်ကလောက် လူမရှိဘူး။ နေ့လည်းက ဗုံးကွဲသံကြားပြီး သေနတ်သံ လေး ငါးချက်ကြားတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာမရှိတဲ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ပစ်ခတ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ၅၈ လမ်းနဲ့ ၁၀၄ လမ်းထောင့်မှာလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးဆိုသူတစ်ဦး အောက်တိုဘာလ ၁၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်အချိန်က သေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ် ဦးတင်ဦး ဆိုသူဖြစ်ပြီး သံလမ်းဘေးမှာ ကျူးကျော်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

“ပစ်ခံရသူက သံလမ်းနားမှာ ကျူးကျော်နေတဲ့သူ။ သူက လူကူညီရေး အသင်းမှာလည်း လုပ်နေတယ်။ အရပ်ထဲတော့ စစ်တပ်ကို သတင်းပေးနေသူဆိုပြီးပြောတယ်။ အခု ပစ်ခံရတာတော့ မသေဘူးကြားတယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ ဦးတင်ဦးဟာ လက်ပြင်မှာ သေနတ်ဒဏ်ရာရခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013