DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၈၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော်ရှိလာ
DVB
·
October 13, 2021
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၈၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော်ရှိလာ
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၄၀၀ နီးပါးနဲ့ ကူးစက်ခံရ သူပေါင်း ၄၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၉၉၈ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၃၈၂ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ဒါ့အပြင် ထပ်မံသေဆုံးသူ ၂၆ ယောက်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၆၂၃ ယောက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၈,၁၈၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၈၁,၂၃၀ ယောက် ရှိနေပါတယ်။

ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားပြီး အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား အခြေခံပညာကျောင်းသားကျောင်းသူ ၁ သန်း လောက်ကို ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

ကာကွယ်ဆေးထိုးနှံမှုအနေနဲ့ ပြီးခဲ့တဲ့ စစ်ကောင်စီ ကျန်းမာရေးဌာနထုတ်ပြန်တဲ့ ကိန်း ဂဏန်း အချက်အလက်တွေအရ အောက်တိုဘာ ၉ ရက်နေ့အထိ အကြိမ်ပြည့် ၂ ကြိမ် ထိုးနှံပြီးသူ ၄ ဒသမ ၁၁ သန်းကျော်၊ ၁ ကြိမ်ထိုးနှံပြီးသူ ၅ ဒသမ ၇၈ သန်းကျော်နဲ့ စုစုပေါင်း ၉ ဒသမ ၉ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013