DVB Logo
Home
မြန်မာသတင်း
ပေါင်းတည် ကျေးလက်ဖွံ့ဖြိုးရေးရုံး ဗုံးပေါက်၊ နတ်တလင်းက ပျူစောထီးတစ်ဦး အသတ်ခံရ
DVB
·
October 11, 2021
ပေါင်းတည် ကျေးလက်ဖွံ့ဖြိုးရေးရုံး ဗုံးပေါက်၊ နတ်တလင်းက ပျူစောထီးတစ်ဦး အသတ်ခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းမှာရှိတဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နီးစပ်တဲ့ဒေသခံတဦးက “ပေါက်ကွဲသံကြားရပြီး မီးခိုးတွေမြင်ရတယ်။ သိပ်မကြာဘူး စစ်နဲ့ရဲတွေရောက်လာပြီး စစ်ဆေးနေတယ်။ ဘာတွေဖြစ်သွားကြလည်းတော့ မသိရဘူး” လို့ ပြောပါတယ်။

အဆိုပါ ကျေးလက်ဖွံံဖြိုးရေးရုံးဝန်ထမ်းတွေ အခြားဌာနဝန်ထမ်းတွေလို အာဏာဖီဆန် CDM မှာ မပါဝင်ကြဘဲ ဝန်ထမ်းအားလုံး ရုံးတက်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ကွဲသံကြားရပြီး ရဲနဲ့စစ်သားတချို့ရောက်လာကာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြိုသစ်မှာ ပျူစောထီးဆိုပြီး နာမည်ကြီးနေတဲ့ ကျောက်ပိုးထိုး (ခ) ကိုဖြိုးဟာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက တောင်ညိုဆည်ဘက်က အပြန်လမ်းမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “သူက စစ်တပ်ကို သတင်းပေးဒလန်လည်းလုပ်တယ် ပျူစောထီးအဖွဲ့မှာလည်းပါတယ်။ သေနတ်ဒဏ်ရာကော ဓားဒဏ်ရာကောတွေ့တယ်ကြားတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ကိုဖြိုး ဟာ ပရဟိတပြုလုပ်တာကိုအကြောင်းပြပြီး ပြည်သူတွေဆီက သတင်းတွေရယူကာ စစ်ကောင်စီကို သတင်းပေးနေတယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်တပ်သတင်းပေးဒလန်နဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေ မကြာခဏသတ်ဖြတ်ခံနေရပေမယ့် ရာထူးကနေ နုတ်ထွက်သူ နည်းပါးနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013