DVB Logo
Home
နိုင်ငံတကာ
ဘာစီလိုနာမြို့က လူသားမျှော်စင် ရိုးရာပွဲတော်
DVB
·
September 25, 2026
Photo: FORTA
Photo: FORTA
Donate to DVB

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်တဲ့ လူသားမျှော်စင်ပွဲ ရိုးရာပွဲတော်ကို စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ပြီး လူ ရာပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဒီပွဲတော်ဟာ မြို့ရဲ့ ရိုးရာပွဲတော်တခုဖြစ်ပြီး လူစိတ်ဝင်စားမှုလည်း များခဲ့ပါတယ်။

မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ လူသားမျှော်စင်တွေကို အထပ် ၈ ထပ်ကနေ ၉ ထပ်အထိ ကြိုးစားလုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

လူသားမျှော်စင်ပွဲတော်မှာ လူငယ်တွေကနေ ကလေးတွေအထိ ပါဝင်ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။

ဒီနှစ်ပွဲတော်မှာ အမြင့်တက်ရတဲ့သူတွေက ခေါင်းကို အကာအကွယ်အဖြစ် ဦးထုပ်တွေ ပထမဆုံးအကြိမ် ဝတ်ဆင်ခဲ့တာလည်း တွေ့ရပါတယ်။

လူသားမျှော်စင်ပွဲတော်ကို ယူနက်စကိုက ၂၀၁၀ ခုနှစ်မှာ လူသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် အဖြစ် အသိအမှတ်ပြု စာရင်းသွင်းခဲ့တာ တွေ့ရပါတယ်။

စပိန်နိုင်ငံမှာ အခုလို လူသားမျှော်စင်ပွဲတော်တွေကို ၁၈ ရာစုကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရိုးရာမပျက် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

၂၀၁၅ ခုနှစ်က လူသားမျှော်စင်ပွဲမှာ အဖွဲ့ပေါင်း ၉၉ ပွဲ ပါဝင်ဆင်နွှဲခဲ့ကြပြီး အဲဒီတုန်းက ၁၀ ထပ်မြင့်တဲ့ လူသားမျှော်စင်ကို ပြုလုပ်နိုင်ခဲ့ကြကာ လက်ရှိအချိန်အထိ အမြင့်ဆုံး စံချိန်တင်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013