DVB Logo
Home
မြန်မာသတင်း
NUG နှင့် CRPH ကို အသိအမှတ်ပြု ဆက်ဆံနေသည့် နိုင်ငံများကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကန့်ကွက်
DVB
·
October 10, 2021
NUG နှင့် CRPH ကို အသိအမှတ်ပြု ဆက်ဆံနေသည့် နိုင်ငံများကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကန့်ကွက်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အဖွဲ့ကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံခြားသံရုံးတွေ၊  ကုလသမဂ္ဂရုံးတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေကို   ပြင်းထန်စွာ ကန့်ကွက်တဲ့အကြာင်း စစ်ကောင်စီအကြမ်းအဖက်အဖွဲ့ရဲ့  နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၉ ရက်မှာ ကြေညာ ပါတယ်။ 

ပြည်သူလူထုရဲ့အာဏာအပ်နှင်းချက်အရ တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH  တို့ကို အသိအမှတ်ပြုထောက်ခံတဲ့အကြောင်း ဥရောပပါလီမန်၊ ပြင်သစ်လွှတ်တော်၊ ဂျပန်လွှတ်တော် တို့ကဆုံးဖြတ်ကြေညာထားသလို ကုလသမဂ္ဂမှာလည်း NUG အစိုးရ ကိုယ်စားလှယ် သံမတ်အကြီး ဦးကျော်မိုးထွန်းကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုခံထားတာပါ။

ဒါအပြင်  အာဆီယံနိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း NUG အစိုးရနဲ့ ဆက်သွယ်ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်းနဲ့ အခုလအတွင်းကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို  မဖိတ်ခေါ်ဖို့အထိ ပြောလာကြတဲ့ အချိန်မှာ စစ်ကောင်စီ ဘက်က ခုလိုထုတ်ပြန်လိုက်တာပါ။  

စစ်ကောင်စီနိုင်ငံခြားရေးရဲ့ ကြေညာချက်မှာတော့ ပြည်ပနိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ NUG၊ CRPH နဲ့ ထိတွေ့ဆက်သွယ်တာ၊ အကြမ်းဖက်အုပ်စုတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပြုတာစတဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင်  မြန်မာနိုင်ငံမှာ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက်  ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။

NUG၊ CRPH ဆက်စပ်အဖွဲ့တွေကို ထိတွေ့ဆက်သွယ်ခြင်းမပြုဖို့၊ ထောက်ခံအားပေးခြင်းမပြုဖို့ ထပ်မံသတိပေးတဲ့ အကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတို့ကို လျစ်လျူမရှူဖို့လည်း စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု တွေရပ်တန့်ဖို့တောင်းဆိုနေပေမဲ့ စစ်ကောင်စီတပ်တွေကတော့ မြန်မာနိုင်ငံတဝန်း အထူးသဖြင့် ကချင်၊ ချင်း၊ ကယား ပြည်နယ်နဲ့  စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ရွာတွေကို မီးရှို့ ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်မှုတွေ နေ့စဉ် ဆက်လက်ပြုလုပ်နေပါတယ်။ 

မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းကာလ ၈ လကျော်အကြာ  စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်  ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားတယ်။

PHOTO-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013