DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရေးဌာနက CDM ဝန်ထမ်းများကို ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးတရားစွဲ
DVB
·
February 22, 2021
နိုင်ငံခြားရေးဌာနက CDM ဝန်ထမ်းများကို ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးတရားစွဲ
Donate to DVB

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၁၁ ယောက်ကို  အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီးထားပြီး  ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ နေပြည်တော် ဒက္ခဏသီရိမြို့နယ်တရားရုံးမှာ  တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

နိုင်ငံခြားဝန်ထမ်း ၁၁ ယောက်ဟာ  CDM မှာ ပါဝင်ဆောင်ရွက်လိုတာကြောင့် မူလဝန်ထမ်းအိမ်ရာကနေ တခြားတစ်နေရာကို ဖေဖော်ဝါရီ ၈ ရက်ကတည်းက ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။

စတင်အဖမ်းခံရစဉ်မှာ ဘယ်နေရာမှာ ချုပ်နှောင်ထားမှန်းမသိခဲ့ရဘဲ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတာကို မိသားစုက သိရှိခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းရဲ့ မိသားစုဝင်တစ်ဦးက “ဒီအမှုသည် အဲဒီလောက် ၅၀၅(က) တပ်ရလောက်တဲ့ အမှုမဟုတ်ဘူး။ မိဘတွေဘက်ကလည်း သူတို့ ဒီလောက်လေး လုပ်တာလောက်ပဲလို့ ယူဆပြီးတော့ အဲဒီလောက် ကြီးလိမ့်မယ် မထင်ခဲ့ဘူးပေါ့နော်။ အခုဟာက အဲဒီလိုကြီး တပ်လိုက်တယ်ဆိုတော့ တော်တော်လည်း အံ့အားသင့်တယ်။ နားမလည်နိုင်လောက်အောင်လည်း ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားရေးဝန်ထမ်း ၁၁ ယောက်ကတော့ အမျိုးသား ၃ ယောက်နဲ့  အမျိုးသမီး ၈ ယောက်တို့  ဖြစ်ပြီး မတ်လ ၅ ရက်နေ့မှာ ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

CDM မှာ ပါဝင်ဆောင်ရွက်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ အဆိုပါဝန်ထမ်းတွေအတွက် ရှေ့နေတွေဆီ အကူအညီလှမ်းတောင်းခဲ့ပေမယ့်လည်း အကူအညီတစ်စုံတရာ မရသေးဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013