DVB Logo
Home
မြန်မာသတင်း
NUG အစိုးရကို တရားဝင်အစိုးရအဖြစ် ပြင်သစ်လွှတ်တော်က အသိအမှတ်ပြုမှုအပေါ် ကြိုဆို
DVB
·
October 7, 2021
NUG အစိုးရကို တရားဝင်အစိုးရအဖြစ် ပြင်သစ်လွှတ်တော်က အသိအမှတ်ပြုမှုအပေါ် ကြိုဆို
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်  အသိအမှတ်ပြုလိုက်တဲ့ ပြင်သစ်အထက်လွှတ်တော်ရဲ့ ရှေ့ဆောင်ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ် ITUC က ကြိုဆိုလိုက်ပါတယ်။ 

ပြင်သစ်ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့တာပါ။

ပြင်သစ်အထက်လွှတ်တော်က ဒီရှေ့ဆောင်ဥပမာကို သတ်မှတ် လုပ်ဆောင်လိုတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ အစိုးရအားလုံးလည်း  ဒီဥပမာအတိုင်း လိုက်နာပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ၊ တရားဥပဒေနဲ့အညီဖြစ်တဲ့အစိုးရအဖြစ် NUG ကို နှောင့်နှေးတုံ့ဆိုင်းခြင်းမရှိ အသိအမှတ်ပြုပေးဖို့ တောင်းဆိုလိုက်တယ်လို့ ITUC ရဲ့ အထွေထွေအတွင်းရေးမှူး ရှာရန်ဘာရိုးက ပြောပါတယ်။

စစ်ကောင်စီကို ကုလသမဂ္ဂအထွေထွေညီလာခံ၊ ILO နိုင်ငံတကာအလုပ်သမားညီလာခံ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကလည်း ရှောင်ဖယ်နေပြီ ဖြစ်ကြောင်းနဲ့  ဒီအဖွဲ့အစည်းတွေအားလုံးဟာ စစ်အုပ်စုရဲ့ အထောက်အထားတွေကိုလက်ခံဖို့ ငြင်းဆန်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 

စစ်အုပ်စုအနေနဲ့ တရား၀င် ရွေးကောက်တင်မြှောက်ခံရတဲ့ခေါင်းဆောင်တွေကို အာဏာပြန်ပေးအပ်ပြီး မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ထူထောင်ရမယ့်အချိန် ဖြစ်တယ်လို့ ITUC  အဖွဲ့က ပြောပါတယ်။

သပိတ်မှောက်တာ ဒါမှမဟုတ် တခြားဆန္ဒပြလုပ်ရပ်တွေကြောင့် အသက်မွေးဝမ်းကျောင်းဆုံးရှုံးခဲ့တဲ့ မြန်မာနိုင်ငံရှိအလုပ်သမားတွေနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက်  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ် ITUC ဟာ ညီညွတ်ရေးရန်ပုံငွေကို တည်ထောင်ထားတာကြောင့် မြန်မာသပိတ်ရံပုံငွေကိုလည်း  ITUC ကနေတဆင့် လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။ 

PHOTO-Wikimedia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013