DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ပြည်သူလူထုဘ၀ လုံခြုံမှုကင်းမဲ့နေဟု စစ်တမ်းထွက်ရှိ
DVB
·
October 4, 2021
မြန်မာနိုင်ငံတွင် ပြည်သူလူထုဘ၀ လုံခြုံမှုကင်းမဲ့နေဟု စစ်တမ်းထွက်ရှိ
1 / 2
Donate to DVB

စစ်အာဏာသိမ်းခဲ့တဲ့  ဖေဖော်ဝါရီ ၁ ရက်ကနေ  ခြောက်လအတွင်း လူမှုစီးပွား၊ ဘဝလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကို စစ်တမ်းကောက်ယူရာမှာ  ဖြေဆိုသူ ၉၂ ရာခိုင်နှုန်းက အာဏာမသိမ်းခင်ကာလက အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ပါက ပြည်သူ့ဘ၀လုံခြုံမှု မရှိတော့ကြောင်း ဖြေကြားခဲ့တယ်လို့ လတ်တလော ထွက်ရှိလာတဲ့ စစ်တမ်းအရ  သိရပါတယ်။ 

အလားတူပဲ ရပ်ရွာတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး ဖြေဆိုသူတွေရဲ့ ၇၉  ရာခိုင်နှုန်းက တည်ငြိမ်အေးချမ်းမှု မရှိတော့ဘူးလို့ ဖြေဆိုခဲ့ကြောင်း Myanmar Independent Researcher (MiR) အဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ 

တရားဥပဒေစိုးမိုးမှုအပေါ်မှာ စစ်တမ်းကောက်ယူတဲ့အခါမှာတော့ တရားဥပဒေစိုးမိုးမှုဟာ စိုးရိမ်စရာကောင်းလောက်အောင်ကင်းမဲ့နေပြီလို့ ဖြေဆိုသူ စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းရှိပြီး  ဥပဒေရဲ့ အကာအကွယ်ကို လုံးဝမရဘူးလို့ ဖြေဆိုသူက ၃၄ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

တစ်ခါ တရားမျှတမှုမရှိတဲ့ နှုတ်မိန့်တွေနဲ့ အုပ်ချုပ်နေတာဖြစ်တယ်လို့ ဖြေကြားတဲ့သူက ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။

လာမယ့် ၃ လ အတွင်း စိုးရိမ်ပူပန်မှုမှာတော့ ဖြေဆိုသူတွေရဲ့ ၅၆ ရာခိုင်နှုန်းက  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာကို စိုးရိမ်ကြတာဖြစ်ပြီး၊ မိသားစု စားဝတ်နေရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ဖြေကြားတဲ့ပမာဏကတော့ ၄၆ ဒသမ ၃ ရာခိုင်နှုန်း ရှိပါတယ်။ 

အလုပ်အကိုင်နဲ့ ဝင်ငွေအတွက် စိုးရိမ်တယ်လို့ ဖြေတဲ့ပမာဏကတော့ ဖြေဆိုသူရဲ့ ၄၆ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁  ရက် စစ်အာဏာသိမ်းပြီးတဲ့နောက်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ  ခြောက်လအတွင်း လူမှုစီးပွား၊ ဘဝလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေ တွေကို Myanmar Independent Researcher (MiR) က စစ်တမ်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်တမ်းပြုရာမှာ မြန်မာနိုင်ငံမှာမြို့နယ်စုစုပေါင်း ၃၃၀ ရှိတဲ့အနက် ၁၃၈ မြို့နယ်မှာ အချက်အလက်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဖြေဆိုသူတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ အသက်  ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit-MiR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013