DVB Logo
Home
မြန်မာသတင်း
သန်လျင်မြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
October 3, 2021
သန်လျင်မြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊  သန်လျင်မြို့နယ်မှာ  လူသိများတဲ့ စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အောက်တိုဘာ ၃ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။

ဒလန်လို့ နာမည်ကြီးနေတဲ့ အုန်းသန်းဟာ ဒီနေ့မနက်က ဘိလိယက်ခုံကအပြန် တာဝ၊ ကညင်ပင် ဘုန်းကြီးကျောင်းရှေ့နားမှာ  သေနတ်နဲ့ ၃ ချက် အပစ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခေါင်းကို တစ်ချက်၊ ဗိုက်ကို ၂ ချက် အပစ်ခံရလို့ ပွဲချင်းပြီး သေတယ်။ ဘယ်သူတွေ ပစ်တယ် ဆိုတာတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်ပစ်ခံပြီးနောက်ပိုင်း အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား အများအပြား ရောက်လာပြီး ပိတ်ဆို့စစ်ဆေးမေးမြန်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013