DVB Logo
Home
မြန်မာသတင်း
အိုးဘိုထောင်မှ အချုပ်သား ၁၄၈ ဦး ထပ်မံလွှတ်ပေး
DVB
·
October 3, 2021
အိုးဘိုထောင်မှ အချုပ်သား ၁၄၈ ဦး ထပ်မံလွှတ်ပေး
Donate to DVB

မန္တလေး အိုးဘိုထောင်ကနေ အောက်တိုဘာ ၂ ရက်နေ့က အချုပ်သူ အချုပ်သား ၁၄၈ ဦး ထပ်မံလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်ပေးတဲ့အထဲမှာ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးနဲ့ ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးတို့လည်း ပါဝင်ခဲ့တယ်လို့ လွှတ်ပေးလိုက်တဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (MRRP) ပါ သစ်တောလုပ်ငန်းများအတွက် ခွင့်ပြုငွေများ ထုတ်ပေးရာမှာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးဟာ တောအုပ် ၆ ဦးဆီကနေ စုစုပေါင်း ငွေကျပ် ၆,၁၅၀,၂၀၀ ကို ဖြတ်တောက်ရယူခဲ့တာလို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၀ ခုနှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးဟာ တောအုပ် ၄ ဦးဆီကနေ စုစုပေါင်း ငွေကျပ် (၃,၇၆၇,၀၀၀) ကို ဖြတ်တောက်ရယူခဲ့တာလို့ သိရပါတယ်။

အခုလွှတ်ပေးနေတဲ့ အချုပ်သား အချုပ်သူတွေဟာ တရားစွဲဆိုခံထားရပြီး အမှုမစစ်ဆေးဖြစ်ဘဲ ကြန့်ကြာနေတဲ့အမှုတွေကို စစ်ကောင်စီရဲ့ အမိန့်နဲ့ အမှုတွ်ပိတ်ကာ ပြန်လွှတ်ပေးတာလို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

အများပြည်သူအနေနဲ့  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျည်းသားတွေကို လွှတ်စေချင်ပေမယ့် စစ်ကောင်စီဟာ ပြန်လွှတ်မပေးသေးပါဘူး။

မန္တလေး အိုးဘိုထောင်ကနေ အောက်တိုဘာ ၁ ရက်နေ့ကလည်း အချုပ်သူ အချုပ်သား ၁၈၄ ယောက် လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013