DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်က စစ်ကောင်စီ သတင်းပေး ၁ ဦး သေနတ်ဖြင့် ပစ်ခံရ
DVB
·
October 1, 2021
မတ္တရာမြို့နယ်က စစ်ကောင်စီ သတင်းပေး ၁ ဦး  သေနတ်ဖြင့် ပစ်ခံရ
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ် တံငါတောင်ကျေးရွာနေ စစ်ကောင်စီသတင်းပေး တစ်ဦး အောက်တိုဘာ ၁ ရက် မနက် ၉ နာရီလောက်က ဦးခေါင်းသေနတ်ပစ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံး သွားတယ်လို့ သိရပါတယ်။

ပစ်သတ်ခံရသူဟာ ဦးစံလှ ဆိုသူဖြစ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန် ဆိုင်ကယ် (၁) စီး လူ (၂) ယောက်က သေနတ်နဲ့ ပစ်သွားကာ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်လက်​​ပြင်ဖောက်ထွက်ဒဏ်ရာတစ်ချက်နဲ့ နေရာမှာ သေဆုံးခဲ့တာလို့ ကျေးရွာနေသူ တစ်ဦးက ပြောပါတယ်။

“ပစ်သတ်ခံရသူက အုတ်စက်ပိုင် အုတ်သူကြီး၊ ဆီဆိုင်လည်း ဖွင့်ထားတယ်။ သူက စစ်ကောင်စီကို သတင်းပေးသူဆိုပြီး ရွာထဲက လူတွေက ပြောတယ်။ တကယ်လည်း သတင်းပေး ပြီး ရွာကို စစ်သားတွေ ခေါ်တာလည်းရှိတယ်။” 

ပစ်သတ်ခံရပြီးမကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၃၀ ရက်ကလည်း စကားပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးခေါင်းကို သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013