DVB Logo
Home
အားကစား
ဘယ်လင်ဂမ်က အင်္ဂလန်အတွက် ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်သစ်တင်
DVB
·
July 19, 2026
Photo: Reuters/Nathan Ray Seebeck
Photo: Reuters/Nathan Ray Seebeck
Donate to DVB

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျုဒ်ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် ဂိုးသွင်းစံချိန်သစ် တင်လိုက်ပါတယ်။ 

ပြင်သစ်ကို ၆-၄ ဂိုးနဲ့ အနိုင်ရတဲ့ တတိယနေရာလုပွဲမှာ သူက ၇ ဂိုးမြောက် သွင်းယူခဲ့တာပါ။ ဒီဂိုးကြောင့် ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဖလား တကြိမ်တည်းမှာ ၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။

ဂယ်ရီလင်နီကာနဲ့ ဟယ်ရီကိန်းတို့ရဲ့ ၆ ဂိုးစံချိန်ကို သူက ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ ပွဲချိန် ၇၉ မိနစ်မှာ လူစားဝင်လာခဲ့ပြီး ပွဲရဲ့ နောက်ဆုံးကန်ချက်နဲ့အတူ သူက တန်ပြန်တိုက်စစ်ဆင်ပြီး ဂိုးသွင်းယူခဲ့တာပါ။ 

အင်္ဂလန်အသင်းရဲ့ အကောင်းဆုံးကစားသမားဆီကနေ ဘယ်လောက်တောင် ကောင်းတဲ့ဂိုးလဲလို့ နည်းပြဟောင်း ဒန်နီမာဖီက ချီးကျူးခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ မေဂျာပြိုင်ပွဲတွေမှာ အင်္ဂလန်အတွက် အလန်ရှီးယားရားနဲ့ ဟယ်ရီကိန်းတို့ရဲ့ ၇ ဂိုးစံချိန်ကိုလည်း လိုက်မီခဲ့ပါတယ်။ သူဟာ  ပြင်သစ်ကို အနိုင်ရတဲ့ တတိယလုပွဲမှာ ပင်နယ်တီရတုန်းကလည်း ဆာကာကို ဟက်ထရစ်ရအောင် ကန်သွင်းစေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013