DVB Logo
Home
မြန်မာသတင်း
အများပြည်သူအကောင့်ပိတ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး KBZ Pay နှင့် Wave Money သို့ အိပ်ဖွင့်ပေးစာပို့
DVB
·
September 30, 2021
အများပြည်သူအကောင့်ပိတ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး KBZ Pay နှင့် Wave Money သို့ အိပ်ဖွင့်ပေးစာပို့
Donate to DVB

အများပြည်သူတွေရဲ့ အကောင့်တွေ ပိတ်သိမ်းခံရမှုတွေနဲ့ ပတ်သက်ပြီး KBZ Pay နဲ့ Wave Money တို့ဆီ ဆေးနှင့် ဆေးနှီးနွှယ်ကျောင်းသားသမဂ္ဂများအဖွဲ့က အိပ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။

အဆိုပါအိပ်ဖွင့်ပေးစာထဲမှာတော့ အများပြည်သူတွေရဲ့ မိုဘိုင်းငွေပေးချေရေးအကောင့် တွေဟာ မကြာခဏဆိုသလို Freeze လုပ်ခံနေရပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေဟာ တရား မဝင် စစ်ကောင်စီနဲ့ ဗဟိုဘဏ်တို့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ပြီး ပြည်သူလူထုရဲ့ ငွေလွှဲပြောင်းမှုတွေကို တားဆီးတာ၊ အကောင့်ပိတ်တာတွေကို ပြု လုပ်နေကြကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်နဲ့ တခြားအချက်အလက်တွေကို အလွဲ သုံးစားပြုလုပ်ပြီး စစ်ကောင်စီနဲ့ တခြားဝန်ကြီးဌာနတွေဆီ လွှဲပြောင်းပေးအပ်နေတာတွေကို တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။

သုံးစွဲသူတွေက ကုမ္ပဏီတွေကို ယုံကြည်စွာ အပ်နှင်းထားတဲ့ ကိုယ်ရေးအချက်အလက် တွေကို ကာယကံရှင် သဘောတူညီချက်မပါပဲ ခုလိုဖော်ထုတ်လွှဲပြောင်းတာဟာ ပုဂ္ဂိုလ် ရေးလုံခြုံရေးဆိုင်ရာ ကျင့်ဝတ်တွေကို ချိုးဖောက်တာနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေး ဆိုင်ရာ ကျင့်ဝတ်တွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဆေးနှင့် ဆေးနှီးနွှယ်ကျောင်းသား သမဂ္ဂများအဖွဲ့က ရှုံ့ချကန့်ကွက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဆိုင်ရာကုမ္ပဏီတွေအနေနဲ့ ခုလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့နဲ့ သုံးစွဲ သူ ပြည်သူလူထုအပေါ် ကျင့်ဝတ်အရ၊ လုပ်ငန်းအရ ပြုလုပ်ခဲ့တဲ့ ချိုးဖောက်မှုတွေကို တာ ဝန်ယူပေးဖို့၊ အချိန်မီ ပြင်ဆင်ပေးဖို့ ကနဦးအဆင့် အိပ်ဖွင့်ပေးစာပို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အများပြည်သူတွေကြား စနစ်မကျတဲ့ ဘဏ်လုပ်ငန်းစနစ်နဲ့အတူ ကိုယ်ရေးလုံခြုံမှုတွေမှာ ထိခိုက်လာနေတာတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ငွေကြေး နဲ့ ဘဏ်လုပ်ငန်းတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသားသမဂ္ဂများအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် က ဆေးတက္ကသိုလ် ၅ ခု၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ၂ ခု၊ ဆေးဘက်ဆိုင်ရာ နည်း ပညာတက္ကသိုလ် ၂ ခု၊ ဆေးဝါးတက္ကသိုလ် ၂ ခု၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မွေးမြူရေးဆိုင် ရာ ဆေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ် ၂ ခုတို့က ကျောင်းသားသမဂ္ဂတွေ၊ မြန်မာနိုင်ငံသူနာပြု-သားဖွား သင်တန်းကျောင်းများ ကျောင်း သား သမဂ္ဂအဖွဲ့ချုပ်၊ စုစုပေါင်း ၁၇ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013