DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေးမထိုးသည့် အမေရိကန်လေကြောင်းလိုင်းဝန်ထမ်း ၆၀၀ ခန့် အလုပ်ထုတ်ခံရ
DVB
·
September 29, 2021
ကိုဗစ်ကာကွယ်ဆေးမထိုးသည့် အမေရိကန်လေကြောင်းလိုင်းဝန်ထမ်း ၆၀၀ ခန့် အလုပ်ထုတ်ခံရ
Donate to DVB

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးဖို့ လိုအပ်ချက်ကို ငြင်းဆန်ခဲ့တဲ့ လေကြောင်းလိုင်းဝန်ထမ်း ၆၀၀ နီးပါးကို အမေရိကန်အခြေစိုက် ယူနိုက်တက်အဲလိုင်းက အလုပ်ထုတ်ပယ်လိုက်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့ ဝန်ထမ်း ၅၉၃ ယောက်အပြင် တခြား၀န်ထမ်း ၂,၀၀၀ ဟာလည်း ကာကွယ်ဆေးထိုးဖို့ လိုအပ်ချက်ကို ဆေးဝါး၊ ဒါမှမဟုတ် ဘာသာရေးကင်းလွတ်ခွင့်တွေအရ တောင်းခံခဲ့တယ်လို့ သိရပြီး ဒါဟာ ယူနိုက်တက်လေကြောင်းလိုင်း ဝန်ထမ်းပေါင်း ၆၇,၀၀၀ ရဲ့ ၃ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အစောပိုင်းကတည်းက ယူနိုက်တက်အဲလိုင်းအနေနဲ့ ဝန်ထမ်းအားလုံး ကာကွယ်ဆေးရရှိနိုင်ဖို့နဲ့ သူတို့ရဲ့ ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်တွေကို ကုမ္ပဏီရဲ့ စနစ်ထဲ တင်သွင်းထားဖို့ ထုတ်ပြန်ကြေညာထားခဲ့တာပါ။

လတ်တလောမှာတော့ ကျန်ရှိနေတဲ့ ယူနိုက်တက်၀န်ထမ်း ၉၉ ရာခိုင်နှုန်းကျော်က လို အပ်ချက်နဲ့အညီ လိုက်နာခဲ့ကြတယ်လို့ လေကြောင်းလိုင်းအမှုဆောင်အရာရှိချုပ် စကော့ထ် ကာဘီနဲ့ ဉက္ကဋ္ဌ ဘရက်ထ် ဟာ့ထ်တို့က ပြောပါတယ်။

“ကာကွယ်ဆေးမထိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းအောက်ကတော့ ကံမ ကောင်းစွာနဲ့ပဲ ကျနော်တို့ရဲ့ မူဝါဒအရ လေကြောင်းလိုင်းနဲ့ ခွဲခွာကြရပါလိမ့်မယ်။ ဒါဟာ တကယ့်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုဖြစ်ပေမဲ့ ကျနော်တို့အဖွဲ့ကို လုံခြုံအောင်ထားဖို့က ပထမဦးစားပေးပါပဲ”

အမေရိကန်နိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးသူအ များဆုံးနိုင်ငံဖြစ်နေပြီး လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၄ သန်းကျော်ရှိလာ ခဲ့ပြီဖြစ်ကာ သေဆုံးသူ ၇ သိန်းကျော်ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013