DVB Logo
Home
မြန်မာသတင်း
အရာတော်နှင့် ဝက်လက်တွင် စစ်တပ်သတင်းပေး ၂ ဦးနှင့် လမ်းပြ ၁ ဦး အသတ်ခံရ
DVB
·
September 27, 2021
အရာတော်နှင့် ဝက်လက်တွင် စစ်တပ်သတင်းပေး ၂ ဦးနှင့် လမ်းပြ ၁ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်တပ် သတင်းပေးနေသူ ၂ ဦးနဲ့ လမ်းပြပေးသူ ၁ ဦးတို့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ် သတင်းပေးနေသူတစ်ဦးနဲ့ လမ်းပြပေးသူတစ်ဦးတို့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းနဲ့ ည‌ပိုင်းတွေက အသတ်ခံလိုက်ရတာပါ။

ဒေသခံတဦးက “တစ်ယောက်က စစ်မှုထမ်း‌ဟောင်း၊ တစ်ယောက်က အရပ်သား။ စစ်မှုထမ်းဟောင်း ဖြစ်သူကတော့ သူ့အကျိုးစီးပွားအတွက် စစ်တပ်နဲ့ အရင်ကတည်းက ပူးပေါင်းလုပ်နေတာ။ နောက်ပြီး အရာတော် မြောက်လက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စစ်တပ် သတင်းပို့နေသူလို့ သိရတယ်။ နောက်တစ်ယောက်ကတော့ အောင်သုခရွာကို စစ်တပ်ဝင်မွှေတော့ လမ်းပြအဖြစ် လိုက်ပါပေးသူပါ။ ဒါကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်။ တစ်ယောက်က နေ့လယ်လောက်က အသတ်ခံရပြီး နောက်တစ်ယောက်က ညနေပိုင်း အသတ်ခံရတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဟောင်းဟာ နောင်ကြီးအိုင်ရွာနဲ့ ရေယိုရွာကြားမှာ ညနေပိုင်းက အသတ်ခံရတယ်လို့ သိရပြီး၊ စစ်တပ်လမ်းပြ အရပ်သားကတော့ လိန်လှမူးဘောင်ပေါ်မှာ နေ့လယ်ပိုင်းက အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရာတော်မြို့နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းတာ၊ ရွာ ရွှေ့ပြောင်းရမယ်လို့ ခြိမ်းခြောက်တာ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ပြီး နောက်ပိုင်း စစ်ကောင်စီသတင်းပေး ဒလန်လို့ ယူဆရသူ အသတ်ခံခဲ့ရတာ ၄ ဦးရှိပြီဖြစ်ပြီး ဘယ်အဖွဲ့ သတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း ဘင်တဲကုန်ကျေးရွာက စစ်ကောင်စီသတင်းပေးတစ်ဦးကို စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ပစ်သတ်ခဲ့တယ်လို့ ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ ဘင်တဲကုန်းရွာသား ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အောင်ကျော်ဆန်း လို့ သိရပြီး ဟံလင်း နဲ့ စခန်းသာရွာကြားမှာ ပစ်သတ်ခံရတာလို့ သိရပါတယ်။ 

ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဒလန်နဲ့ ပျူစောထီး ၅ ယောက် သုတ်သင်ထားသလို မိုင်တဲလ်တာဝါတိုင် ၅ တိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးပြီးပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013