DVB Logo
Home
မြန်မာသတင်း
အင်တာနက်ဖြတ်တောက်ခံရသည့်မြို့ပေါင်း ၂၅ မြို့အထိရှိလာ
DVB
·
September 26, 2021
အင်တာနက်ဖြတ်တောက်ခံရသည့်မြို့ပေါင်း  ၂၅ မြို့အထိရှိလာ
Donate to DVB

စစ်အာဏာသိမ်းပြီးကတည်းက အင်တာနက်ဖြတ်တောက်မှုတွေ မကြာခဏကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လတ်လော စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးလုပ်နေတဲ့  တိုင်းနဲ့ပြည်နယ်တချို့ထဲက မြို့ပေါင်း  ၂၅ မြို့အထိ အင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့  ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေထဲမှာ အင်တာနက်ဖြတ်တောက်ခံထားရတာ မြို့ပေါင်း ၂၅ မြို့အထိ ရှိလာနေပါတယ်။

ကချင်ပြည်နယ်ထဲ ဖားကန့်မြို့နယ်မှာဆိုရင် ဩဂုတ် ၂၀ ရက်နေ့ကတည်းက အင်တာနက်ပြတ်တောက်နေတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ စက်တင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေမှာလည်း အင်တာနက်လိုင်းတွေအပြင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရပါတယ်။

အခုဆိုရင် အင်တာနက် ဖြတ်တောက်ခံထားရတာ ချင်းပြည်နယ်မှာ ၈ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ မြို့နယ်၊ မကွေးတိုင်းမှာ ၄ မြို့နယ်၊ မန္တလေးတိုင်းမှာ  ၂ မြို့နယ်နဲ့ ကချင်ပြည်နယ်ထဲမှာ ဖားကန့်မြို့တို့ ဖြစ်ကြပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွန်ချက်အရ အင်တာနက်ပိတ်ထားတယ်ဆိုလို့ MPT Call Center ကိုကိုးကားပြီး  VOA သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့အင်တာနက် လွတ်လပ်ခွင့်အခြေအနေဟာ အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားတယ်လို့ Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့က အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

တာဝါတိုင်တွေ ဖျက်ဆီးခံရလို့   အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013