Home
မြန်မာသတင်း
ရေစကြိုက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်
DVB
·
September 25, 2021
242851594_1184785468682128_5019794982956000586_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရပ်ကွက်နဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတာ ၁၀ ဦးထက်မနည်း ရှိပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

ရေစကြိုမြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းကတည်းကစပြီး နှောင်းဘ၊ မအူအောက်ဆိပ်၊ ပရိမ်သာ၊ ကိုင်း၊ မိုးကွဲနဲ့ ကံဦးကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့ကြပြီး နောက်ထပ်နုတ်ထွက်မယ့်သူ တွေရှိတယ်လို့ ထွေအုပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ဒလန်အုပ်ချုပ်ရေးမှူးတွေဆိုရင် ရွာထဲမှာ မနေရဲကြဘူး။ တပ်တွေထဲ သွားနေရတာ။ တချို့လည်း သေမှာကြောက်တော့ ထွက်ပြေးသွားကြပြီ။ အုပ်ချုပ်ရေးမှူးမရှိတဲ့ ရွာတွေမှာတော့ ရွာတိုးတက်ရေးအတွက် လူကြီးလူငယ်စုပေါင်းပြီး ဆောင်ရွက်ရတာပေါ့။ သူတို့မရှိလည်း အဆင်ပြေတာပဲ” လို့ ပြောပါတယ်။

ရေစကြိုမြို့က စစ်ကောင်စီရဲ့ အဓိကအောက်ခြေဒေါက်တိုင်တွေ ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ကြဖို့လည်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်မတော် (YSO-PDF) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၈၉ အုပ်စုရှိပြီး နုတ်ထွက်သူနဲ့ ထွက်ပြေးသွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024