DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ် မိုးစစ်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
September 25, 2021
ရွှေကူမြို့နယ် မိုးစစ်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး စက်တင်ဘာ ၂၅ ရက် မွန်းလွဲ  ၁ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်သတင်းပေးဒလန်လုပ်နေတဲ့ ဦးသန်းလွင်စိန်ဟာ ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ  မိုးစစ်ကျေးရွာ အခင်းတဲက အပြန်လမ်း တစ်နေရာမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

ကျေးရွာဒေသခံတစ်ဦးက "သူက အာဏာစသိမ်းကတည်းက ရွာထဲကို စစ်ကြောင်းလာရင် ဘယ်အိမ်ကဘယ်သူ ဆန္ဒပြနေတာ။ ဘယ်သူကတောထဲကို သင်တန်းသွားတာ ဆိုပြီးတော့ပေါ့ဗျာ။ သတင်းပေးပြီး ဖမ်းခိုင်းတာတွေ မကြာခဏလုပ်လို့ အပြစ်မဲ့ကျေးရွာသားတွေ အိမ်မှာကောင်းကောင်း မနေကြရဘဲ အကြောင်းမဲ့ထွက်ပြေးနေရတာဗျ။ တစ်ရွာတည်းသားချင်းမို့ဆိုပြီး သေသွားတာကို သနားရမယ့် အချိန်မဟုတ်တော့ဘူးဗျ။ ကိုယ့်ဒေသအတွက် ဆူးငြောင့်တစ်ခုရှင်းသွားတယ်လို့ပဲ တွေးထားပါတယ်"လို့ ပြောပါတယ်။

မိုးစစ်ကျေးရွာဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒဖော်ထုတ်ရာမှာ အင်အားကောင်းတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး သတင်းပေးဒလန်တွေကြောင့် ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မကြာခဏရှာဖွေစစ်ဆေးခံနေရတဲ့ ကျေးရွာဖြစ်ပါတယ်။

ရွှေကူမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်က စစ်ကောင်စီ သတင်းပေးတစ်ဦးဖြစ်သူ  စီသောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် အခုဖြစ်စဉ်ဟာ ဒုတိယမြောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013