DVB Logo
Home
မြန်မာသတင်း
တပ်မဟာ ၁ နယ်​မြေတွင် အမျိုးသမီးနှင့်ကလေးများကို BGF က လူသားဒိုင်းအဖြစ်အသုံးပြု
DVB
·
September 24, 2021
တပ်မဟာ ၁ နယ်​မြေတွင် အမျိုးသမီးနှင့်ကလေးများကို BGF က လူသားဒိုင်းအဖြစ်အသုံးပြု
Donate to DVB

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်ခံ BGF တပ်က အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူဦးရေ ၃၀၀ လောက်ကို တပ်အချိန်းအပြောင်းပြုလုပ်ရာမှာ လူသားဒိုင်းအသုံးပြုခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၁ သထုံခရိုင်၊ အတွင်းရေးမှူး ပဒို စောစိုးမြင့်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ BGF တပ်ရင်း ၁၀၁၃၊ တပ်ခွဲ ၂  တပ်စုမှူးဗိုလ်ကတုံး ဦးဆောင်တဲ့တပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ကျေးရွာ ၄ ရွာက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေ ၃၀၀ လောက်ကို လူသားဒိုင်းအဖြစ်  အသုံးပြုခဲ့တဲ့အပြင်  စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အတင်းအဓမ္မ ခိုင်းစေခဲ့တာပါ။

ပဒိုစောစိုးမြင့်က "အမှန်တကယ် နယ်မြေရှင်းလင်းချင်ရင် ပစ်တာခတ်တာရှိရင် ကေအန်ယူ၊ ကေအန်အယ်လ်အေနဲ့ ပစ်ကျပေါ့။ ရွာသားကို ဓားစာခံလုပ်တာတော့ မလုပ်သင့်ဘူး။ အမျိုးသမီးတွေကို လူသားဒိုင်းကာအနေနဲ့ သုံးနေတာ နအဖ၊ နဝတ အခုလက်ရှိစစ်ကောင်စီကော သုံးနေကြပဲ" လို့ ပြောပါတယ်။

ကုန်းရွာ၊ ပျဥ်းမပင်ဆိပ်၊ ကြသောင်းဆိပ်၊ ကြိုးဝိုင်း စတဲ့ ကျေးရွာတွေက  အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးငယ် ၁၂ ဦးအပါအဝင် လူဦးရေ ၃၀၀ လောက် ပေါ်တာအဖြစ် အဓမ္မခိုင်းစေခံခဲ့ရတယ်လို့  ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

​ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေရဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေ၊ အတင်းအဓမ္မခိုင်းစေတာတွေကြောင့် ဒေသခံအမျိုးသားတွေ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ BGF တပ်ရင်း ၁၀၁၃၊ တပ်ခွဲ ၂ က ကျသောင်းဆိပ်စခန်း တပ်အချိန်းပြောင်းနဲ့ ရိက္ခာပို့ဆောင်ဖို့  မြစ်ကျိုးကျေးရွာက ထော်လာဂျီ ၅ စီး၊ ယာဥ်မောင်း ၅ ဦး၊ ကျေးရွာရပ်မိရပ်ဖ ၆ ဦး လူသားဒိုင်းအနေနဲ့ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013