DVB Logo
Home
မြန်မာသတင်း
ထန်တလန်နှင့် ဟားခါး နှစ်မြို့ပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ခန့်ရှိလာ
DVB
·
September 21, 2021
ထန်တလန်နှင့် ဟားခါး နှစ်မြို့ပေါင်း စစ်ဘေးရှောင်ပြည်သူ  ၂၀,၀၀၀ ခန့်ရှိလာ
Donate to DVB

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊  ထန်တလန်မြို့နဲ့ ဟားခါးမြို့ ၂ မြို့ပေါင်း  စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ နီးပါးရှိလာပြီး ဒုက္ခသည်စခန်းတွေဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ဉက္ကဋ္ဌ သိက္ခာတော်ရဒေးနစ်ငွန်ထောင်းမန်က ပြောပါတယ်။

စစ်ကောင်စီက ထန်တလန်မြို့ကိုသာမက ဟားခါးမြို့ကိုလည်း အင်အားသုံး ထိန်းချုပ်ဖို့ကြိုးစားနေပြီး အင်တာနက်နဲ့ဖုန်းလိုင်းတွေလည်း  ဖြတ်တောက်ထားပါတယ်။

စက်တင်ဘာ ၁၈ ရက်က  ထန်တလန် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ထန်တလန် CDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဟားခါးခရိုင်၊ ထန်တလန်မြို့ကို  စစ်ကောင်စီက သာလွန်အင်အားသုံးပြီး လက်နက်ကြီးငယ်တွေနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၉ လုံး  မီးလောင်ပျက်စီးခဲ့ပါတယ်။

ထန်တလန်မြို့က ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ခြိမ်းခြောက်ခဲ့တာ ကြောင့်လည်း  စက်တင်ဘာ ၂၀ ရက်နေ့မှာ မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပါတယ်။

အနီးအနားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ထန်တလန်မြို့ခံတစ်ယောက်ကတော့  အခြေအနေတွေကို သေသေချာချာမသိဘဲ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ 

ထန်တလန်မြို့ခံတွေဟာ ဟားခါးမြို့နဲ့အနီးပတ်ဝန်းကျင်က ဆွေမျိုးတွေရှိတဲ့ရွာတွေကို သွားရောက်ခိုလှုံနေကြသူတွေရှိသလို  တချို့ကတော့ အိန္ဒိယနယ်စပ် မီဇိုရမ်ဘက်ကို  ထွက်ပြေးကြတာလည်း ရှိပါတယ်။ 

စစ်ကောင်စီဟာ စက်တင်ဘာ ၂၀ ရက်နေ့ညပိုင်းမှာ ဟားခါးမြို့ကို လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လဆန်းတုန်းကလည်း   ချင်းပြည်နယ်မင်းတပ်မြို့ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့ တာကြောင့် မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က မင်းတပ်ကပြည်သူတွေကို အကူအညီပေးဖို့ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်ခဲ့တာကြောင့် ဒုက္ခသည်တွေဟာ အကူအညီတွေကို မရခဲ့ပါဘူး။

အခုထန်တလန်နဲ့ ဟားခါးမြို့က စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒုက္ခသည်စခန်းတွေဖွင့်ဖို့ ပြင်ဆင်နေပေမဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဝင်လာတာတော့မရှိသေးဘူးလို့ သိက္ခာတော်ရဒေးနစ်ငွန်ထောင်းမန်က ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့မှာ မီးလောင်အိမ်တွေဆီ မီးငြှိမ်းသတ် အကူအညီပေးဖို့သွားရောက်ခဲ့တဲ့ ချင်းတိုင်းရင်းသားသင်းအုပ်ဆရာတစ်ယောက်ကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး ရွှေလက်စွပ်ကို လက်ဖြတ်ပြီး ဖြုတ်ယူသွားပါတယ်။

ချင်းခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်ကို စစ်တပ်ကပစ်သတ်တာ၊ ဘုရားကျောင်းတွေမှာ တပ်စွဲ သောက်စားမူးယစ်နေတာ၊  ဒေသခံပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်နဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်တို့က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013