DVB Logo
Home
မြန်မာသတင်း
ဝ အမျိုးသားပါတီကိုယ်စားလှယ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
DVB
·
September 21, 2021
ဝ အမျိုးသားပါတီကိုယ်စားလှယ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
Donate to DVB

ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ က ဝအမျိုးသားပါတီ  (WNP) ရဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာအမ်ဇော်လတ်ကို စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ စက်တင်ဘာ ၂၀ ရက်မှာ အမှုဖွင့်လိုက်ပါတယ်။

ဒေါက်တာအမ်ဇော်လတ်ဟာ NUG၊ CRPH တို့နဲ့ ဆက်သွယ်တယ်ဆိုပြီး မိုင်းတုံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်က အမှုဖွင့်လိုက်တာလို့ ပါတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒေါက်တာအမ်ဇော်လတ်က မိုင်းတုံ ပုံပါကျင်ဘက်က ရွေးကောက်ပွဲ အနိုင်ရထားတာ။ သူ့ကို စစ်ဘက်ရေးရာလုံခြုံရေးတပ်က အမှုဖွင့်တာပေါ့။ အရင် စရဖ ပေါ့။ ကျန်တာတော့ အသေးစိတ်မသိရသေးဘူး” လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

ဒေါက်တာအမ်ဇော်လတ်ကို NUG၊ CRPH တို့နဲ့ မပတ်သက်ဖို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ဇွန်လကတည်းက အတင်းအကျပ်လက်မှတ်ထိုးခိုင်းတာကြောင့် လက်မှတ်ထိုးထားပြီး ဖြစ်သလို လက်မှတ်ထိုးထားကြောင်းကို ဝအမျိုးသားပါတီကိုလည်း အသိပေးထားပြီးဖြစ်တယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက DVB ကို ပြောပါတယ်။

“ဒေါက်တာအမ်ဇော်လတ်ကို ဇွန်လ ၁၄ ရက်မှာ မိုင်းတုံ UEC က NUG၊ CRPH နဲ့ မပတ်သတ်ကြောင်း လက်မှတ်ထိုးဖို့ စာတွေပို့လာတယ်။ ဆရာလည်း လက်မှတ်ထိုးပြီး ပြန်ပို့ပြီးပြီ။”  

ဒီလိုလက်မှတ်ထိုးထားတဲ့ကြားက မိုင်းတုံစစ်ဘက်ရေးရာလုံခြုံရေးတပ်က အမှုဖွင့်လာတာ ဖြစ်ပြီး ဒေါက်တာအမ်ဇော်လတ်ကိုတော့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ သိရပါတယ်။

ဒေါက်တာအမ်ဇော်လတ် ခေါ် ဆမ်မားကို့စ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝ အမျိုးသားပါတီ (WNP) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သူဖြစ်ပြီး ရှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) မှာ မဲ ၉၀၀၀ ကျော်နဲ့ အနိုင်ရကာ ကန့်ကွက်သူမရှိ ပုံစံ(၁၉)နဲ့ အတည်ပြုပြီးတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပါတီဘက်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013