DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်၊ EAO နှင့် PDF များကို ရွေးကောက်ပွဲ ဖိတ်ခေါ်
DVB
·
September 27, 2024
စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်၊ EAO နှင့် PDF များကို ရွေးကောက်ပွဲ ဖိတ်ခေါ်
Donate to DVB

ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်လိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ နဲ့ PDF အဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်ကြောင်း စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အောက်တိုဘာ  ၁ ရက် စတင်ကောက် ယူတော့မှာဖြစ်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲအစည်တွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းဖိတ်ခေါ်အပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အခုလို ဖိတ်ခေါ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုလည်း ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကိုလည်း ပြဋ္ဌာန်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013