DVB Logo
Home
မြန်မာသတင်း
အေအေနှင့်ဆက်စပ်သည်ဆိုပြီး တောင်ကုတ်ဒေသခံ ၆ ဦးကို ထောင်ဒဏ် ၄ နှစ်ချမှတ်
DVB
·
July 12, 2023
အေအေနှင့်ဆက်စပ်သည်ဆိုပြီး တောင်ကုတ်ဒေသခံ ၆ ဦးကို ထောင်ဒဏ် ၄ နှစ်ချမှတ်
1 / 3
Donate to DVB

ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်လို့ဆိုပြီး တောင်ကုတ်ဒေသခံ ၆ ဦးကို စစ်ကောင်စီရဲ့ တောင်ကုတ်ခရိုင်တရားရုံးက ဇူလိုင် ၁၁ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ တောင်ကုတ်ဒေသခံ ၆ ဦးဟာ ကိုသန်းနိုင်၊ ကိုမောင်ကြီး၊ ကိုမောင်ငယ်၊ ဦးကျော်တင်အောင်၊ ဦးဌေးမောင်နဲ့ ကိုနေရဲဝင်းတို့ဖြစ်ကြပါတယ်။

ဓာတ်ပုံ- APM

သူတို့ ၆ ဦးကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တာဟာ မတရားမျှမှုမရှိတဲ့ ထောင်ဒဏ်ချမှုဖြစ်တယ်လို့ ကိုသန်းနိုင်ရဲ့ ညီမဖြစ်သူ မသန်းသန်းဆင့်ကပြောပါတယ်။

"ဒီနေ့မှာ တောင်ကုတ် ခရိုင်တရားရုံးက ကျမ အစ်ကို အပါဝင် ၆ ဦးအမှုကို ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အခုထောင်ဒဏ် ချမှတ်ခံရသူတွေက အေအေနဲ့လည်း ဆက်စပ်ကြသူတွေ မဟုတ်ကြဘူး။ အေအေကို အကြမ်းဖက်မှုက ပယ်ဖျက်ပြီးဆိုတော့ ဒီလို အကြမ်ဖက်မှုပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်တာက တရားမျှတမှု မရှိတဲ့ ထောင်ဒဏ်ချမှုဖြစ်တယ်" လို့ ပြောပါတယ်။

အခုထောင်ဒဏ် ချမှတ်လိုက်သူ ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ) နဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့ ၆ ဦးအထဲက တောင်ကုတ်မြို့နယ် ဆားပြင်ရွာက ကိုသန်းနိုင်ကို ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မအီမြို့ခံ ကိုမောင်ကြီး၊ မောင်ငယ်နဲ့ တောင်ကုတ်မြို့နယ် ချက်ဖောက်ကျေးရွာက ဦးကျော်တင်အောင်၊ ဦးဌေးမောင်နဲ့ ကိုနေရဲဝင်း တို့ကို ၂၀၂၀ ခုနှစ် ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ ၆ ဦးကို ဧရာဝတီတိုင်း မြန်အောင်မြို့အခြေစိုက် ခလရ(၅၁)က ဗိုလ်ကြီး အောင်ဝေယံဦး ကတရားလိုလုပ်ကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်လိုက်ပြီး အေအေနဲ့ဆက်စပ်တယ်လို့ဆိုကာ အရပ်သားတွေကို အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာက တရားမျှတမှု မရှိဘူးလို့ လူအခွင့်ရေးလှုပ်ရှားသူတဦးက ပြောပါတယ်။

"အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပြီးကတည်းက အရပ်သားတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချလိုက်တာက ဘယ်လိုမှ တရားမျှတမှုကို မရှိဘူး။ ဒါက ဥပဒေအရရော့ လူအခွင့်ရေးအရပါ ချိုးဖောက်တာဖြစ်တယ်။" 

ရခိုင်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား ပထမအကြိမ်တိုက်ပွဲဖြစ်ပွားတုန်းက အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သား ၂၀၀ ကျော်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး လက်ရှိ အချိန်အထိ ထောင်ဒဏ် ချမှတ်ခံထားရသူ ၂၀ ကျော်အထိ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013