DVB Logo
Home
မြန်မာသတင်း
စစ်ဘေး၊ ကပ်ရောဂါဘေးနှင့် ရာသီဥတုဘေးကြောင့် မြန်မာပြည်သူ ၃ သန်းခန့် အကူအညီ လိုအပ်နေ
DVB
·
September 21, 2021
စစ်ဘေး၊ ကပ်ရောဂါဘေးနှင့် ရာသီဥတုဘေးကြောင့် မြန်မာပြည်သူ ၃ သန်းခန့် အကူအညီ လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ လုံခြုံရေးအခြေအနေ၊ မုတ်သုံမိုးနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လူဦးရေ စုစုပေါင်း ၃ သန်းလောက်ဟာ  အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ လိုအပ်နေတယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။  

အဆိုပါကိန်းဂဏန်းထဲမှာ လက်ရှိတုံ့ပြန်မှုအစီအစဉ်အရ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့ သတ်မှတ်ထားသူ  ၁ သန်းအပြင် ဖေဖေါ်ဝါရီ ၁ ရက် နောက်ပိုင်းက လူဦးရေ ၂ သန်းပါဝင်တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ (UNOCHA) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျဉ်းချုပ်သတင်းလွှာမှာ ဖော်ပြပါတယ်။  

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ရီ ၁ ရက် နောက်ပိုင်းကတည်းက တိုက်ပွဲတွေကြောင့် ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ လူဦးရေ ၂၀၆,၆၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ လတွေကဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ခန့်မှန်းခြေ လူဦးရေထောင်သောင်းချီတဲ့ အိုးအိမ်စွန့်ခွာပြေးနေရသလို ကယားပြည်နယ်မှာ လူဦးရေ ၂၂,၀၀၀ ခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ လူဦးရေ ၁၄၉,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ဒီအထဲမှာ ကယားပြည်နယ်က ၇၉,၂၀၀၊ ရှမ်းပြည်နယ်‌တောင်ပိုင်းက ၁၈,၅၀၀၊ ကရင်ပြည်နယ်က  ၄၉,၃၀၀၊ မွန်ပြည်နယ်က ၁,၁၀၀၊ တနင်္သာရီတိုင်းဒေသကြီးက ၉၀၀ လောက်ပါဝင်တယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်မှာလည်း ၂၀၂၁ ခုနှစ်စပိုင်းကတည်းက လူဦးရေ ၁၃,၇၃၀ လောက်ဟာ  တိုက်ပွဲရှောင်နေရပြီး ယခုအထိ ၇,၇၅၀ ကျော်ဟာ စစ်ရှောင်စခန်းတွေမှာ နေထိုင်ရလျက်ရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့ လူပေါင်း  ၂၈,၆၈၀  လောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ၈,၁၅၀ ခန့်ဟာ မြို့နယ်၅ခုက ယာယီစခန်းတွေမှာ နေထိုင်ရပါတယ်။

ချင်းပြည်နယ် မြို့နယ်၅ ခုမှာ မေလကတည်းက၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇွန်လကတည်းက လူပေါင်း  ၁၅,၂၅၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း  လူဦးရေ ၉,၅၀၀ လောက် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

လတ်တလော စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်က လူဦးရေ ၁,၀၀၀ လောက်  နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်တိမ်းရှောင်နေရကာ ၂၀၂၁ ခုနှစ် နှစ်စပိုင်းကတည်းက စုစုပေါင်း လူဦးရေ ၁၅,၀၀၀ ဟာ အိန္ဒိယနိုင်ငံသို့  ဖြတ်ကျော်ဝင်ရောက်နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်၊ ထန်တလန်မြို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးတာတွေကြောင့်  မြို့ခံပြည်သူ ၁၀၀၀၀ လောက်  နေရပ်စွန့်ခွာနေရကြရပြီး တချို့ကတော့  အိန္ဒိယနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။ 

Photo-OCHAMyanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013