
ဒီမနက်ပိုင်းမှာတင် မြန်မာနိုင်ငံထဲမှာ ငလျင် ၃ ကြိမ်လှုပ်ရှားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန် ပါတယ်။
အောက်တိုဘာ ၁၀ ရက် ဒီမနက်အစောပိုင်း ၁ နာရီ ၄၈ မိနစ်က စဉ့်ကိုင်မြို့ရဲ့ မြောက်ဘက် ၅ မိုင်လောက်အကွာမှာ အနက် ၁၈ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ပမာဏ ၃ ဒသမ ၄ အဆင့် ရှိတဲ့ ငလျင်တခု လှုပ်ရှားပါတယ်။
မနက် ၆ နာရီ မိနစ် ၄၀ မှာ ကွမ်းခြံကုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၆ မိုင်လောက်အကွာ ပင်လယ်ပြင်ထဲမှာ အနက် ၁၂ ကီလိုမီတာကိုဗဟိုပြုပြီး ပမာဏ ၃ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင် တခု လှုပ်ရှားပါတယ်။
မနက် ၇ နာရီ ၅၃ မိနစ်မှာတော့ ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့ရဲ့ အနောက်မြောက်ဘက် ၂၁ မိုင် လောက်အကွာမှာ အနက် ၁၄ ကီလိုမီတာကိုဗဟိုပြုပြီး ပမာဏ ၃ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင် တခု လှုပ်ရှားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီမနက်အစောပိုင်း ၁၂ နာရီခွဲလောက်ကလည်း ပနားမားနိုင်ငံတောင်ပိုင်းမှာ အင်အား ၇ ဒသမ ၇ နဲ့ ၆ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ရှားခဲ့ပါတယ်။











