DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်ပိုင်ထုတ်ကုန်များကို ထိထိရောက်ရောက် သပိတ်မှောက်ကြရန် ထပ်မံနှိုးဆော်
DVB
·
September 20, 2021
အကြမ်းဖက်စစ်တပ်ပိုင်ထုတ်ကုန်များကို ထိထိရောက်ရောက် သပိတ်မှောက်ကြရန် ထပ်မံနှိုးဆော်
Donate to DVB

စစ်အာဏာရှင်ယန္တရားကြီးကို အပြီးတိုင် ရပ်ဆိုင်းပစ်ဖို့အတွက် အကြမ်းဖက်စစ်တပ်ပိုင် ထုတ်ကုန်တွေကို ပြည်သူတွေအနေနဲ့ ထိထိရောက်ရောက် သပိတ်မှောက်ကြဖို့ ထပ်မံနှိုးဆော် တိုက်တွန်းထားပါတယ်။

အာဏာသိမ်းခါစတုန်းကတော့ ဖက်ဆစ်ထုတ်ကုန်တွေကို ပြည်သူတွေ သပိတ်မှောက်ခဲ့ကြပြီး လက်ရှိတချို့ပြည်သူတွေဟာ မေ့မေ့လျော့လျော့နဲ့ ပြန်လည်သုံးစွဲနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

တောခိုနေတဲ့ ရဲဘော်ရဲဘက်တွေက သူတို့တတ်စွမ်းသမျှ လုပ်ပေးနေတုန်းမှာ တောမခိုနိုင်တဲ့ မြို့ပေါ်နေ ပြည်သူတွေကလည်း ကိုယ်တတ်နိုင်တာကို ကြိုးစားလုပ်ပေးဖို့ လိုအပ်ပါတယ်။ တောခိုနေသူတို့အတွက် လိုအပ်တာ လှူဒါန်းပေးတဲ့ နည်းတူ တစ်ဘက်က  စစ်ကောင်စီဆီကို ငွေဝင်မယ့် လမ်းကြောင်းတွေကိုဖျက်ဆီးနိုင်ဖို့အတွက် စစ်တပ်ပိုင်ထုတ် ကုန်တွေကို သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။

အခုအချိန်မှာတော့ မြန်မာဘီယာတို့ Ruby တို့လို စစ်တပ်ပိုင်ပစ္စည်းတွေကို ပြန်ပြီးသုံးနေတာတွေ ရှိလာတာကြောင့် စီးကရက်၊ ဘီယာစတဲ့ လူသုံးများတဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး သပိတ်မှောက်ရမယ့် ထုတ်ကုန်တွေကို ဖော်ပြပေးထားတာပါ။

ဘီယာမှာဆိုရင် Myanmar Beer, Myanmar Premium Beer, Adaman Gold, Dagon Beer, Mandalay Beer နဲ့ Black Shield တို့ဖြစ်ပြီး စီးကရက်ထုတ်ကုန်တွေက Red Ruby နဲ့ Premium Gold တို့ ဖြစ်ပါတယ်။

ဒါ့အပြင် သပိတ်မှောက်တာကို ပိုထိရောက်အောင် ဈေးကွက်ကွန်ရက်ကို  ကွင်းဆက် ဖြတ်ဖို့အတွက် အဓိကအခြေခံအနေနဲ့ တပ်ပိုင်ထုတ်ကုန်မှန်သမျှ မဝယ်ယူ၊ အားမပေးဘဲ နေဖို့ ဝယ်သူတွေကစပြီး ဖြတ်ပစ်ကြရမှာဖြစ်ပြီး ရောင်းသူတွေကလည်း ဆိုင်ပေါ်မတင်၊ မရောင်းချဘဲ နေကြရမယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူ တွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013