DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကျူးလွန်ခဲ့သည့် လူအစုလိုက်သတ်ဖြတ်မှုများကို ကုလလူ့အခွင့်ရေးကောင်စီထံ NUG အစိုးရက အစီရင်ခံစာတင်သွင်း
DVB
·
September 19, 2021
စစ်တပ်ကျူးလွန်ခဲ့သည့် လူအစုလိုက်သတ်ဖြတ်မှုများကို ကုလလူ့အခွင့်ရေးကောင်စီထံ NUG အစိုးရက အစီရင်ခံစာတင်သွင်း
Donate to DVB

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း  ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ပြီး စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို ပြုစုထားတဲ့  အစီရင်ခံစာတစ်စောင်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဒီကနေ့ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ သူတွေကို တိုက်ရိုက်မေးမြန်း ပြုစုထားတာလို့လည်း ဆိုပါတယ်။

အဆိုပါ တိုင်းဒေသကြီး ၂ ခုမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် စတင် ထိုးစစ်ဆင်ပြီး နယ်မြေရှင်းလင်းခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေ တင်ပို့ရောင်းချတာနဲ့ စစ်ရေး အကူအညီပေးတာတွေ ရပ်တံ့ဖို့၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး တရားမျှတမှု အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ ထိရောက်စွာ အရေးယူဖို့လည်း လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းပါတယ်။

ဒါ့အပြင် အကြမ်းဖက်ခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူလူထုတွေအပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးဖို့လည်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၀၈ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၂၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၅၉၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

PHOTO-UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013