DVB Logo
Home
မြန်မာသတင်း
သင်းအုပ်ဆရာကို စစ်တပ်က ပစ်သတ်၊ လက်ချောင်းဖြတ် လက်စွပ်ယူသွားသည့်အပေါ် အပြင်းအထန် ရှုတ်ချ
DVB
·
September 19, 2021
သင်းအုပ်ဆရာကို စစ်တပ်က ပစ်သတ်၊ လက်ချောင်းဖြတ် လက်စွပ်ယူသွားသည့်အပေါ် အပြင်းအထန် ရှုတ်ချ
Donate to DVB

ခရစ်ယာန် သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး သူ့ရဲ့ နာရီ၊ ဖုန်းနဲ့ မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ် လုယူသွားတဲ့အပေါ်  အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက်က ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်အလွန်အကျွံအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ပြည်သူတွေရဲ့ နေအိမ် တွေ မီးလောင်ခဲ့တာဖြစ်ပြီး  မီးငြှိမ်းသတ်ဖို့ ပြင်ဆင်နေတဲ့ နှစ်ခြင်းခရစ်ယာန်လူငယ်တွေကို စစ်တပ်က ပစ်ခတ်ခဲ့လို့  ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းဝင် သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တပ်စွဲထားတာ၊ ဘုရားကျောင်းတွေထဲမှာ အရက်သေစာသောက်စားတာ၊ သမ္မာကျမ်းစာတွေနဲ့ ဓမ္မသီချင်းစာအုပ်တွေကို ဖျက်ဆီးတာ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဘုရားရှိခိုးကျောင်း အဆောက်အဦတွေကိုပစ်ခတ်ဖျက်ဆီးတာ၊ မြို့တွေ ရွာတွေမှာရှိတဲ့ လူနေအိမ်တွေကို မီးလောင်ကျွမ်းတာစတဲ့ ရိုင်းစိုင်းတဲ့ အပြုအမှုတွေလုပ်ဆောင်ကာ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကို စော်ကားနေတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ လက်ရှိပြည်တွင်းနိုင်ငံရေး ပဋိပက္ခတွေထက်ပင် ပိုမိုရှုပ်ထွေးကြီးမားတဲ့ ဘာသာရေးနဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပြည်တွင်းပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က  ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့မှာ မနေ့ညက စစ်ကောင်စီတပ်တွေက လက်နက်ကြီးနယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့ပေါ်က နေအိမ် ၁၉ လုံးလောက် မီးလောင်သွားတယ်လို့ ချင်းသတင်းဌာနတွေက အတည်ပြုပါတယ်။ 

ချင်းပြည်နယ်၊ ဟားခါးမြို့မှာလည်း စက်တင်ဘာ ၁၈ ရက်နေ့ညဦးပိုင်းက မြို့ပေါ်ရပ်ကွက်တစ်မှာ  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာကာ နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် အရွယ်မရောက်သေးသူတွေအပါအဝင် အနည်းဆုံး သုံးဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံ သတင်းမီဒီယာတခုက ဖော်ပြထားပါတယ်။

PHOTO- CRDIT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013