DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် မိုင်တဲလ်တာဝါတိုင်ကို ဒုတိယအကြိမ် ထပ်မံဖျက်ဆီး၊ မုံရွာက သတင်းပေး ၁ ဦး အသတ်ခံရ
DVB
·
September 18, 2021
ဟုမ္မလင်းတွင် မိုင်တဲလ်တာဝါတိုင်ကို ဒုတိယအကြိမ် ထပ်မံဖျက်ဆီး၊ မုံရွာက သတင်းပေး ၁ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် အောင်ချမ်းသာကျွေးရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင် စက်တင်ဘာ ၁၇ ရက်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ အထက်ချင်းတွင်းဒေသ ပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ငိုးပင်းကျေးရွာ မိုင်တဲလ်တာဝါတိုင်ကို အထက်ချင်းပြောက်ကျားဖွဲ့က ဖျက်ဆီးခဲ့ပြီး အခုဒုတိယအကြိမ် ထပ်မံပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဇီးကျွန်းကျေးရွာအုပ်စု၊ ကိုင်းတောရွာက စစ်ကောင်စီ သတင်းပေးတစ်ဦးကို Monywa Heroes Group နှင့် Monywa Satan အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ အဲဒီအဖွဲ့က စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုင်းတောရွာနေ စစ်ကောင်စီသတင်းပေး ကိုဇင်ကို စက်တင်ဘာ ၁၆ ရက်က သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

Monywa Heroes Group အနေနဲ့ စက်တင်ဘာ ၉ ရက်က အာဏာသိမ်းစစ်ကောင်စီ သတင်းပေးပို့နေသူတွေအနေနဲ့‌ သူတို့ရဲ့လုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013