DVB Logo
Home
မြန်မာသတင်း
ဂျာမနီရုပ်ရှင်ပွဲတော်တွင် အိန္ဒြာကျော်ဇင် စာတန်းပါ တီရှပ်ဝတ်ဆင်ဂုဏ်ပြု (ဓာတ်ပုံ)
DVB
·
September 18, 2021
ဂျာမနီရုပ်ရှင်ပွဲတော်တွင် အိန္ဒြာကျော်ဇင် စာတန်းပါ တီရှပ်ဝတ်ဆင်ဂုဏ်ပြု (ဓာတ်ပုံ)
1 / 5
Donate to DVB

လက်ရှိ  ကျင်းပနေတဲ့ ဂျာမနီနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင် - “what happened to the wolf?” ကိုပြသဖို့ ရွေးချယ်ခံခဲ့ရပြီး ဖွင့်ပွဲအခမ်းအနားမှာ ပွဲတော်ရဲ့ ဒါရိုက်တာ Torsten Neumann နဲ့ တာဝန်ရှိသူတွေက အိန္ဒြာကျော်ဇင် စာတန်းပါ တီရှပ်တွေ ဝတ်ဆင်ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်မှာပါဝင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ရုပ်ရှင်အဖွဲ့သား အားလုံးအတွက် အားပေးဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

ရုပ်ရှင်ပွဲတော်ကိုတော့ စက်တင်ဘာ ၁၅ ရက်ကနေ ၁၉ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ကာ ဒီကားကိုတော့ World Premiere အနေနဲ့ ပြသသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု တို့ဟာလည်း ရုပ်ရှင်ပွဲတော်ရဲ့ Seymour Cassel Award for Outstanding Performance အတွက် Nomination ဆန်ခါတင်စာရင်းမှာ နှစ်ယောက်စလုံး ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော်သားတွေအနေနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ဟာလည်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံထားရပြီး ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ တိမ်းရှောင်နေကြရပါတယ်။

ရုပ်ရှင်ပွဲတော်မှာ လတ်တလော ပြသနေတဲ့ “What happened to the wolf?” ရုပ်ရှင်ဇာတ်ကားကို ဒေသခံပရိသတ်တွေအပြင် ဂျာမနီနိုင်ငံ Hamburg မြို့နဲ့ နယ်သာလန်နိုင်ငံ Amsterdam မြို့မှာရှိတဲ့ မြန်မာပရိသတ်တွေလည်း လာရောက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013