DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့တွင် ကိုဗစ်လူနာများအတွက် အောက်စီဂျင်စက်ရုံဖွင့်လှစ်
DVB
·
September 18, 2021
မြဝတီမြို့တွင် ကိုဗစ်လူနာများအတွက် အောက်စီဂျင်စက်ရုံဖွင့်လှစ်
1 / 5
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့မှာ ကိုဗစ်လူနာတွေအတွက် တနေ့ကို  အောက်စီဂျင်အိုး ၁၀၀ ကျော် ထုတ်လုပ်နိုင်တဲ့  စက်ရုံကို စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက်မှာ မြဝတီဖောင်ဒေးရှင်းက ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ပြီးခဲ့တဲ့လပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများခဲ့ပြီး လူနာတွေအတွက် အောက်စီဂျင် ဖြည့်ရတဲ့အခက်ခဲအမျိုး ပေါင်းများစွာကြုံရခဲ့ရပြီးနောက် မြဝတီမြို့ခံ စီးပွားရေးသမားတွေ၊ ရပ်မိရပ်ဖတွေ၊ လက်နက်ကိုင်ကရင်တိုင်းရင်းသားအဖွဲ့တွေနဲ့ တခြား အလှူရှင်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်  ခုလို အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စက်ရုံကနေ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်စီဂျင် အလုံးပေါင်း ၈၀ မှ ၁၁၀ အထိထုတ်လုပ်နိုင်ပြီး မြဝတီခရိုင်အတွင်းရှိ လိုအပ်နေတဲ့ ကိုဗစ်လူအတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ 

အသက်ရှူဖို့ အခက်အခဲရှိနေတဲ့ ကိုဗစ်လူနာတွေနဲ့ တခြားလူနာတွေကို ဦးစားပေးပြီ အောက်စီဂျင် ထည့်ပေးမှာ ဖြစ်တဲ့အပြင် လုပ်ငန်းသုံးအတွက်လည်း အောက်စီဂျင်အရည်ဖြည့် လီတာ ၄၀ ကို  ရန်ပုံငွေအဖြစ် ကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးသွားမယ်လို့လည်း သိရပါတယ်။

လက်ရှိဖွင့်လိုက်တဲ့စက်ရုံအတွက် အောက်စီဂျင်စက်ကတော့ သြဂုတ်လ ၁၅ ရက်နေ့မှာမြဝတီမြို့ကို ရောက်ရှိစတင်လည်ပတ်ခဲ့ပြီး ဒီကနေ့  စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ စက်ရုံ တရားဝင်ဖွင့်လှစ်နိုင်ခဲ့တာပါ။

စက်ရုံအတွက် အောက်စီဂျင်စက်ဟာ  တရုတ်နိုင်ငံက ထုတ်လုပ်တဲ့စက်ပြီး တန်ဖိုး ကျပ် သိန်း ၈၁၀ ကုန်ကျကာ၊ စက်ရုံတည်ဆောက်မှုကိုတော့ ကျပ် သိန် ၅၂၀ နဲ့ အောက်စီဂျင်ဘူးလွတ် အလုံး ၁၅၀ ကုန်ကျပ်စရိတ် ကျပ် သိန်း ၂၆၀ ကုန်ကျတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013