DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၏မိသားစု ဒုတိယအကြိမ် ဖမ်းဆီးခံရ
DVB
·
September 17, 2021
တောင်တွင်းကြီးတွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၏မိသားစု ဒုတိယအကြိမ် ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်းရဲ့ မိသားစု ၅ ဦးနဲ့ အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦး စုစုပါင်း ၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အောင်ခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်း နဲ့ စက်တင်ဘာ ၁၆ ရက် နေ့ညက မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင် ရဲ့ ဖခင်ဖြစ်သူ အသက် ၈၄ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးစိုးမြင့်အပါအဝင် မိသားစုဝင်တွေဖြစ်တဲ့ ဦးနိုင်၊ ဒေါ်တင်တင်မြ၊ မောင်အာကာနိုင် နဲ့ အထက်တန်းရှေ့နေ ဦးမျိုးလှိုင်တို့ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က ဦးဝင်းမြင့်လှိုင်ရဲ့ ဖခင်နဲ့ မိသားစုဝင်တွေကိုဖမ်းဆီးသွားပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ အခု ဒုတိယအကြမ် ထပ်မံဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသခံပြည်သူတွေကို ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့  တောင်တွင်းကြီးမြို့မရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ NLD ပါတီကနေ ၂၀၁၅ ကနေ ၂၀၂၀ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီက ၅၀၅ (က) နဲ့ အမှုဖွင့်ထားရတဲ့အတွက် တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မတွေနဲ့အမှုဖွင့်ထားခံရလို့ ရှောင်တိမ်းနေရတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေနဲ့ ပြည်သူတွေကို ဖမ်းနေဆီးနေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013