
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရွှေကူရပ်ကွက်မှာ စက်တင်ဘာ ၁၆ ရက် ဒီနေ့ ညနေ ၅ နာရီဝန်းကျင်က အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရသူဟာ ဦးအောင်ကျော်မိုးဖြစ်ပြီး သူ့ရဲ့ အလောင်းကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံကိုပို့ ဆောင်ထားပါတယ်။
"သေနတ်နဲ့သုံးချက်ပစ်ခံရတာတဲ့။ နောက်ကျောကို သုံးချက်ပစ်ခံရတာသေသွားတယ်။ သူကအရင်တုံးကတောင် ဒလန်ဆိုပြီး လိုင်းပေါ်အတင်ခံရသေးတယ်။ နောက်မှ ပြန်ညှိပြီး ပြန်ဖျက်လိုက်ကြတာ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုကို ဦးအောင်ကျော်မိုးက သတင်းပေးတာကြောင့် မိုးကုတ်မြို့မှာ ဖမ်းဆီးခံထားရသူတွေ အများကြီးရှိတယ်လို့ ဒေသခံက ပြောပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၆ရက်နေ့ကလည်း ကြံ့ခိုင်ရေးပါတီဝင် လင်မယားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။