DVB Logo
Home
မြန်မာသတင်း
၃ လတာ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်အတွင်း စစ်သား ၁၇၀၀ ကျော်နှင့် ပြည်သူ ၄၃၁ ဦး သေဆုံး
DVB
·
September 15, 2021
၃ လတာ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်အတွင်း စစ်သား ၁၇၀၀ ကျော်နှင့် ပြည်သူ ၄၃၁ ဦး သေဆုံး
Donate to DVB

ဇွန်လ ၁ ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိ သုံးလအတွင်းမှာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ပွဲ နဲ့ ပဋိပက္ခဖြစ်စဉ်ပေါင်း ၁၁၇၁ ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇၁၀ ဦး သေဆုံးကာ ပြည်သူဘက်က ၄၃၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ကာကွယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၆၃၂ ဦးနဲ့ ပြည်သူဘက်က ၁၈၄ ဦး အသီးသီးဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သုံးလအတွင်း တနိုင်ငံလုံး လက်နက်ကိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၅၀၉ ဦးသေဆုံးပြီး ၂၁၄ ဦး ဒဏ်ရာရရှိကာ ပြည်သူ့ဘက်တော်သားဘက်က ၁၄ ဦးကျဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ( အန်ယူဂျီ) ကာကွယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။ 

ပြည်သူတွေရဲ့ တော်လှန်မှုတွေအတွင်းမှာတော့ စစ်ကောင်စီတပ်သား ၉၉၄ ဦး ကျဆုံးပြီး ၃၄၉ဦး ဒဏ်ရာရခဲ့သလို ပြည်သူဘက်လည်း ခုခံတော်လှန်မှုအတွင်း ၈၅ ဦးကျဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ကြံမှုတွေအတွင်း စစ်ကောင်စီတပ်သား ၁၀၂ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူဘက်ကလည်း  ၁၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရရရှိခဲ့ပါတယ်။ 

တနိုင်ငံလုံးအတိုင်းအတာ ပေါက်ကွဲမှုတွေတွေအတွင်း စစကောင်စီတပ်သား ၆၅ ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူတွေဘက်ကလည်း ပေါက်ကွဲမှုအတွင်း ၁၅ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လကနေ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေအတွင်း ပြည်သူ ၃၀၂ ဦး ကျဆုံးခဲ့ပြီး ၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် သုံးလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီအချင်းချင်း ပစ်ခတ်မှုမှာ စစ်ကောင်စီ တပ်သား ၃၇ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ စစ်ကောင်စီချင်းချင်းပစ်ခတ်မှုအတွင်း အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဇွန်လ ၁ ရက်နေ့ကနေ  ဩဂုတ်လ ၃၁ ရက်နေ့အထိ  သုံးလအတွင်း တနိုင်ငံလုံးအတိုင်းတာနဲ့ လက်နက်ကိုင်တိုက်ပွဲ အရေအတွက်တိုးလားပြီး ဩဂုတ်လမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်တွေအနက် စစ်ကိုင်းတိုင်းမှာ ပဋိပက္ခအများဆုံးဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ကိုင်းတိုင်းမှာ ပြည်သူတွေရဲ့ခုခံတော်လှန်မှု အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာလည်း ပေါက်ကွဲမှုတွေ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁ ရက်နေ့ကနေ ဩဂုတ် ၃၁ ရက်နေ့ ၃ လအတွင်း မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်ပေါင်း ၁၁၇၁ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်တွေထမှာ လက်နက်ကိုင်တြိက်ပွဲဖြစ်စဉ် ၁၈၀၊ ပြည်သူများရဲ့ ခုခံတော်လှန်မှုဖြစ်စဉ် ၁၅၇ ခု၊ ပေါက်ကွဲမှုဖြစ်စဉ် ၂၈၀၊ စစ်ကောင်စီရဲ့ အရပ်သားအပေါ် အကြမ်းဖက်မှုဖြစ်စဉ် ၃၀၉ ခုနဲ့ စစ်ကောင်စီအချင်းချင်း ပစ်ခတ်မှုဖြစ်စဉ် ၁၈ ခု ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013