DVB Logo
Home
မြန်မာသတင်း
အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု တို့ပါဝင်သည့် “what happened to the wolf?” ဂျာမနီရုပ်ရှင်ပွဲတော်အတွက် ရွေးချယ်ခံရ (နမူနာ)
DVB
·
September 15, 2021
အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု တို့ပါဝင်သည့် “what happened to the wolf?” ဂျာမနီရုပ်ရှင်ပွဲတော်အတွက် ရွေးချယ်ခံရ (နမူနာ)
Donate to DVB

အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ “what happened to the wolf?” ရုပ်ရှင်ကို ဂျာမနီနိုင်ငံ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Oldenburg International Film Festival မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

ရုပ်ရှင်ပွဲတော်ကိုတော့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ထိကျင်းပသွား မှာဖြစ်ကာ ဒီကားကိုတော့ World Premiere အနေနဲ့ ပြသသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု တို့ဟာလည်း ရုပ်ရှင်ပွဲတော်ရဲ့ Seymour Cassel Award for Outstanding Performance အတွက် Nomination ဆန်ကာတင်စာရင်းမှာ နှစ်ယောက်စလုံး ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေဟာလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော်သားတွေအနေနဲ့ အမှတ်တရားဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ဟာလည်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးနဲ့အတူ ဖမ်းဆီးခံထားရပြီး ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

https://www.facebook.com/103265442088158/videos/632462967721081
https://www.facebook.com/103265442088158/videos/380765316848936
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013