DVB Logo
Home
မြန်မာသတင်း
ထားဝယ်တက္ကသိုလ်က CDM ထောက်ပံ့ရေးအလှူခံနေသည့် KPAY အကောင့် အပိတ်ခံရ
DVB
·
September 14, 2021
ထားဝယ်တက္ကသိုလ်က CDM ထောက်ပံ့ရေးအလှူခံနေသည့် KPAY အကောင့် အပိတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ်ရဲ့ CDM ထောက်ပံ့ရေးကော်မတီက အလှူခံအသုံးပြုနေတဲ့ KPAY အကောင့် ပိတ်သိမ်းခံလိုက်ရတယ်လို့ အဆိုပါကော်မတီက စက်တင်ဘာ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်‌ကြေညာလိုက်ပါတယ်။

အကောင့်ပိတ်ခံလိုက်ရပေမယ့်လည်း ကော်မတီရဲ့ ကြိုတင်ပြင်ဆင်ထားမှုတွေကြောင့် အလှူခံထားတဲ့ ငွေ‌ကြေးတွေ ဆုံးရှုံးမှုမရှိကြောင်းနဲ့ နောက်ထပ် KPAY နဲ့ ထပ်မံလှူဒါန်းလိုပါက "Dawei University CDM Supporting Committee" ရဲ့ Page Messenger ကနေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

"ရာသောင်းစုချီ CDM support ဆီ" လို့ အမည်ပေးထားတဲ့ အဆိုပါ "အကြွေ camping" မှာ ကိုယ့်ရဲ့ mobile banking ထဲက အကြွေအစွန်းအစ ၅၀ ကျပ်‌ကနေ စတင်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013