DVB Logo
Home
မြန်မာသတင်း
သမဂ္ဂ ၁၇ ဖွဲ့ပါဝင်သည့် ဆေးနှင့် ​ဆေးနှီးနွှယ် ​ကျောင်းသားသမဂ္ဂများအဖွဲ့ စတင်ဖွဲ့စည်း
DVB
·
September 14, 2021
သမဂ္ဂ ၁၇ ဖွဲ့ပါဝင်သည့် ဆေးနှင့် ​ဆေးနှီးနွှယ် ​ကျောင်းသားသမဂ္ဂများအဖွဲ့ စတင်ဖွဲ့စည်း
Donate to DVB

သမဂ္ဂ ၁၇ ဖွဲ့ပါဝင်တဲ့ ဆေးနှင့် ​ဆေးနှီးနွှယ် ​ကျောင်းသားသမဂ္ဂများအဖွဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဆေးနှင့် ​ဆေးနှီးနွှယ် ​ကျောင်းသားသမဂ္ဂများအဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးမှ အစပြုကာ အာဏာရှင်ဆန့်ကျင်ရေး လူထုတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တပ်ဦးကနေ အစဉ်အမြဲပါဝင်သွားဖို့၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိ တိုးတက်မြင့်မားနိုင် ရေးအတွက် ကူညီပါဝင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ခုလိုဖွဲ့စည်းမှုမှာတော့ ဆေးတက္ကသိုလ် ၅ ခု၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ၂ ခု၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၂ ခု၊ ဆေးဝါးတက္ကသိုလ် ၂ ခု၊ တိုင်းရင်းဆေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ သူနာ ပြုတက္ကသိုလ် ၂ ခုတို့က ကျောင်းသားသမဂ္ဂတွေ၊ မြန်မာနိုင်ငံသူနာပြု-သားဖွား သင်တန်းကျောင်းများ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်၊ စုစုပေါင်း ၁၇ ဖွဲ့ပူးပေါင်းဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013