DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာဘက် တရားမဝင်တင်ပို့မည့် စက်သုံးဆီ လီတာ ၃၀,၀၀၀ နီးပါး ဖမ်းမိ 
DVB
·
May 5, 2026
Photo: AEC Asean News
Photo: AEC Asean News
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာဘက်ခြမ်းကို တရားမဝင်တင်ပို့မဲ့ စက်သုံးဆီ လီတာပေါင်း ၂၈,၂၀၀ လီတာကို ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ (မေ ၅ ရက်) သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

မြို့နယ် အကောက်ခွန်ဌာန၊ အုပ်ချုပ်ရေး၊ စစ်တပ်နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သောင်ရင်းမြစ်ကမ်းတလျှောက် တရားဥပဒေစိုးမိုးရေး စစ်ဆေးဆောင်ရွက်စဉ် ထာ့ဆိုင်လွတ် ရပ်ကွက်ထဲမှာ မသင်္ကာဖွယ် ဆယ်ဘီးကား ၂ စီးကိုပါ စစ်ဆေးရာက တရားမဝင် စက်သုံးဆီတွေ ဖမ်းဆီးရမိတာလို့  မဲဆောက်အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူ နိုင်းယွက်ဖုန်း ဝိချန်းကွန်းက ပြောပါတယ်။ 

အဆိုပါ ဆယ်ဘီးကား ၂ စီးလုံးပါ မိုးကာတွေနဲ့ အုပ်ထားပြီး ကုန်ပစ္စည်းတွေ တင်ထားသယောင် ရှိတယ်။ သေချာမစစ်ဆေးရင် လောင်စာဆီတင်ကားမှန်း မသိသာဘူး၊ တာဝန်ရှိသူတွေက မိုးကာကို လှပ်ပြီး စစ်ဆေးရာမှာတော့  စက်သုံးဆီ လီတာ ၂၀၀ ဆံ့ ပီပါပုံးပေါင်း ၁၄၁ ပုံးကို တွေ့ရှိတယ်။  အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတစုံတရာ မရှိဘူး၊ အဲဒီကား ၂ စီးပေါ်ကနေ စက်သုံးဆီစုစုပေါင်း ၂၈, ၂၀၀ လီတာကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ စက်သုံးဆီတွေ စတင်ရှားပါးလာတဲ့နောက် ပြည်ပနိုင်ငံကို တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာမှာ တရားမဝင်တင်ပို့မှုတွေ ရှိနေပြီး ဒီ ၂၀၂၆ ခုနှစ် မတ် ၆ ရက်မှ ဒီနေ့ထိ အရေးယူခဲ့တဲ့ အမှုပေါင်း ၁၉ မှု ရှိပါတယ်။ 

အဲဒီကနေ စုစုပေါင်းတန်ဖိုး ၃,၆၉၇,၆၂၈ ဒသမ ၈၅ ဘတ် ရှိ စက်သုံးဆီ ၉၄,၅၉၅ လီတာ သိမ်းဆည်းရမိကာ အကောက်ခွန်ဌာနက ဒဏ်ငွေ ဘတ် ၃,၂၉၆,၅၂၈ ချမှတ်ခဲ့တယ်လို့  အကောက်ခွန်အရာရှိ နိုင်းယွက်ဖုန်းက ပြောပါတယ်။ 

Source -  AEC อาเซียน News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013