DVB Logo
Home
မြန်မာသတင်း
D-Day ခေါ်ပြီး တစ်ပတ်အတွင်း ချင်းပြည်နယ်က စစ်သားနှင့် ရဲ ၁၀၀ ခန့် အာဏာဖီဆန် CDM လုပ်
DVB
·
September 13, 2021
D-Day ခေါ်ပြီး တစ်ပတ်အတွင်း ချင်းပြည်နယ်က စစ်သားနှင့် ရဲ ၁၀၀ ခန့် အာဏာဖီဆန် CDM လုပ်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာပြီး တစ်ပတ်အတွင်းမှာ ချင်းပြည်နယ်အတွင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်  ၁၀၀ နီးပါး အာဏာဖီဆန် CDM ပြုလုပ်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့  CDF နဲ့ လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ ​CDF ပြောရေးဆိုခွင့်ရှိသူ ဘိုးရိစ်(Boris) က ဒီဗွီဘီကို  ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာဆက်ပြီး တာဝန်မထမ်းဆောင်လိုတာကြောင့် ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့  CDF နဲ့ ပူးပေါင်းလာတဲ့အထဲမှာ စစ်တပ်နဲ့ ရဲအပြင် သစ်တော ဝန်ထမ်းတွေလည်း ပါဝင်ပြီး သူတို့အားလုံးကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာဆက်ပြီး တာဝန်မထမ်းဆောင်တော့ဘဲ CDF နဲ့လာရောက်ပူးပေါင်းရင် သူတို့တွေရဲ့လုံခြုံရေးနဲ့ အသက်ကိုအာမခံပြီး ငွေကြေးထောက်ပံ့ပေးမှုတွေအပြင် တခြား ကူညီဆောင်ရွက်မှုတွေနဲ့ ကျေးဇူးဆပ်သွားမယ်လို့ ဘိုးရိစ် က ပြောပါတယ်။ 

CDF လာရောက်ပူးပေါင်းထားတဲ့သူတွေကိုလည်း ကူညီစောင့်ရှောက် ထောက်ပံ့ပေးထားပြီး ဖြစ်တာကြောင့် ထပ်မံပူးပေါင်းလာပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ CDM ပြုလုပ်ထားတဲ့ စစ်သားနဲ့ ရဲ ၃၅၀၀ ကျော်ပြီလို့ သူတို့တွေကို CDM ကုတ်နံပါတ်ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013