DVB Logo
Home
မြန်မာသတင်း
တဦးလျှင် ပွဲစားခဘတ် ၂ သောင်းထိပေးပြီး ထိုင်းဘက်ခိုးဝင်သည့် မြန်မာ ၆ ဦး ဖမ်းဆီးခံရ
DVB
·
September 13, 2021
တဦးလျှင် ပွဲစားခဘတ် ၂ သောင်းထိပေးပြီး ထိုင်းဘက်ခိုးဝင်သည့် မြန်မာ ၆ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၆ ယောက်ကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

 စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ ဆွိုင် ယော့ခ်ခရိုင်ထဲမှာ သူတို့စီးနင်းလိုက်ပါလာတဲ့ တိုယိုတာ ဗစ်ဂိုပစ်ကပ်ကားတစီးကို စစ်ဆေး တွေ့ရှိခဲ့ကြတာပါ။

ကားပေါ်မှာတော့ မြန်မာအမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့အတူ ကားကို မောင်းနှင်လာသူ ကန်ချနဘူရီမှ အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီး သီထိ ခန် ချန်ရူဝန်ကိုပါ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

  သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ ၆ ယောက်ဟာ မြန်မာနိုင်ငံ၊ ထား ဝယ်နဲ့ ပဲခူးမြို့တွေကနေ ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ထဲမှာ အလုပ်လုပ်ဖို့အတွက် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာဖြစ်ကာ တယောက်ကို ဘတ် ၁၈,၀၀၀ ကနေ ၂ သောင်းထိ ပွဲစားခ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

ကားမောင်းပို့သူ ထိုင်းအမျိုးသမီး သီထိခန်ကတော့ သူ့အနေနဲ့ အလုပ်လုပ်မယ့် နေရာတွေအရောက် တယောက်ကို ဘတ်ငွေ ၃,၀၀၀ နဲ့ ပို့ဆောင်ခယူခဲ့တယ်လို့ ထွက်ဆို ပါတယ်။       လတ်တလောမှာတော့ သူတို့ကို ဆွိုင်ယော့ခ်ရဲစခန်းဆီ လွှဲအပ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ ကူးစက်ရောဂါဆိုင်ရာ အက်ဉပဒေချိုးဖောက်မှုတွေနဲ့ အ ရေးယူခံရမှာဖြစ်ကာ ကားမောင်းပို့သူ အမျိုးသမီးကတော့ တရားမ၀င်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို အကူအညီပေးမှုနဲ့ တရားစွဲခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013