DVB Logo
Home
မြန်မာသတင်း
လုံလဲရ်တပ်စခန်းကို CNF နဲ့ CDFပူးပေါင်းသိမ်းပိုက်ပြီးနောက် ရဲနှင့် စစ်သားအားလုံး CDM လုပ်
DVB
·
September 12, 2021
လုံလဲရ်တပ်စခန်းကို CNF နဲ့ CDFပူးပေါင်းသိမ်းပိုက်ပြီးနောက် ရဲနှင့် စစ်သားအားလုံး CDM လုပ်
Donate to DVB

မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ လုံလဲရ်တပ်စခန်းကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)  ပူးပေါင်းအဖွဲ့က  တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ 

အဲဒီလုံလဲရ်တပ်စခန်းဟာ ရဲနဲ့ စစ်တပ် ပူးပေါင်း တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး စခန်းမှာရှိတဲ့ တပ်နဲ့ ရဲတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်လိုက်တာဖြစ်ပြီး အင်အားဘယ်လောက်လဲဆိုတာကိုတော့  ဒီဗွီဘီသတင်းဌာနကိုပြောပြတဲ့  သတင်းရင်းမြစ်က လုံခြုံရေးအခြေအနေအရ ပြောမပြခဲ့ပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  ထပ်မံအတည်ပြုနိုင်ဖို့  သက်ဆိုင်ရာ CNF နဲ့ CDF တပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေကို ဒီဗွီဘီသတင်းဌာနက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

အဲဒီလုံလဲရ်ကျေးရွာကို စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့  ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ချင်းပြည်နယ် မကွီအိမ်နူး တပ်စခန်းကို CDF မင်းတပ်က ဇူလိုင် ၂၄ ရက်နေ့က သိမ်းပိုက်တဲ့အခါမှာလည်း စခန်းမှူး ဗိုလ်ကြီး သိန်းထိုက်နဲ့တပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခြင်းမပြုလုပ်ပဲ CDM ပြုလုပ်ခဲ့တာကြောင့်  မကွီအိမ်နူးတပ်စခန်းကို မင်းတပ် CDF က တိုက်ပွဲမဖြစ်ဘဲ သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

(ဓာတ်ပုံ- ယခင်  မကွီအိမ်နူးတပ်စခန်းကို သိမ်းပိုက်ခဲ့စဉ်က)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013