DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေရောင်းဝယ်ရာတွင်ထားရမည့် ကွာဟသတ်မှတ်ချတ် ဗဟိုဘဏ်ပယ်ဖျက်
DVB
·
September 11, 2021
နိုင်ငံခြားငွေရောင်းဝယ်ရာတွင်ထားရမည့် ကွာဟသတ်မှတ်ချတ် ဗဟိုဘဏ်ပယ်ဖျက်
Donate to DVB

နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရာမှာ ထားရမယ့် ကွာဟသတ်မှတ်ချက်ကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေ၊ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရသူတွေအနေနဲ့ နိုင်ငံခြားသုံးငွေ ရောင်းချဝယ်ယူလဲလှယ်ရာမှာ ဗဟိုဘဏ်ရည်ညွှန်းဈေးနှုန်းကို Mid-Rate အဖြစ်သတ်မှတ်ပြီး ရောင်းဈေးနဲ့ ဝယ်ဈေးကို ၀ ဒသမ ၈ ရာခိုင်နှုန်း (ကျပ် ၁၀၀၀ မှာ ၈ ကျပ်)အတိုးအလျော့ကြားမှာ လုပ်ကြဖို့ ညွှန်ကြားချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃ ရက်နေ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၁၇၀၀ ဝန်းကျင် ဘဏ်တွေက သတ်မှတ် ရောင်းဝယ်နေပြီး အပြင်မှာတော့ ကျပ် ၂၀၀၀ အထိ ခေါ်ဈေးရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013