DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြိုနယ် နှမ်းခါးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့၊ ဒေသခံများထွက်ပြေး
DVB
·
September 10, 2021
ဂန့်ဂေါမြိုနယ် နှမ်းခါးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့၊ ဒေသခံများထွက်ပြေး
Donate to DVB

ဂန့်ဂေါမြိုနယ် နှမ်းခါးရွာကို ဒီမနက်မှာ အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ထဲက ရွာတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး အင်အားက ၈၀ လောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနေ့ညပိုင်းက ကန်သာရွာက မိုင်တဲလ်တိုင်ကို ဂန့်ဂေါ PDF က မီးရှို့သွားတဲ့အတွက် ဒေသခံရွာက စိုးရိမ်ပြီး အိမ်တွေစွန့်ခွာ တောတွေထဲကို ညပိုင်းကတည်းက မိုးရွာရွာနဲ့ ထွက်ပြေးနေကြတာပါ။ အခုတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ မီးရှို့နေတာကိုပဲ အဝေးက မြင်ရတာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီမနက် ၉ နာရီလောက်မှာ ရွာကိုဝင်ပြီး မွှေနှောက်ရှာဖွေ မီးရှို့နေတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရွာ အားလုံးနီးပါးက လူ ၃ သောင်းလောက်ဟာ ဘေးလွတ်မယ်ထင်တဲ့ တောတွေထဲကို ဝင်ရောက်တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ကတည်းက မြင်သား၊ သာလင်းရွာတို့ကိုဝင်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီမနက်မှာလည်း မြင်သားရွာကို ဆက်လက်မီးရှို့နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013