DVB Logo
Home
မြန်မာသတင်း
ပန်းတနော်မြို့က စစ်တပ် ဒလန်သတင်းပေးများကို ကျည်ဆန်ပေးပို့ သတိပေး
DVB
·
September 8, 2021
ပန်းတနော်မြို့က စစ်တပ် ဒလန်သတင်းပေးများကို ကျည်ဆန်ပေးပို့ သတိပေး
Donate to DVB

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းက စတင်ကာ ရှေ့နေ အမျိုးသမီးအပါဝင် လူငယ် ၄ ယောက်  ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်တပ်သတင်းပေးတွေကို အသက်အာမမခံကြောင်း အမှန်တရားမြတ်နိုးသူများအဖွဲ့က သတိပေးလိုက်ပါတယ်။

စစ်တပ်ရဲ့အမာခံသတင်းပေးတွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာဘက်တွေမှာ သူတို့နဲ့အဆင်မပြေတဲ့ နေအိမ်တွေကို ဧည့်စာရင်းစစ်တာတွေ PDF တွေ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းပေးတာမျိုးတွေပြုလုပ်လာတာကြောင့် ခုလို သတိပေးရတာဖြစ်တယ်လို့ဆိုပါတယ်။

PDF တပ်ဖွဲ့ဝင် ၁ ဦးက" ဒီလမှာ ပိုဆိုးလာတာ အရင်ဆုံး အမျိုးသမီး ရှေ့နေတစ်ဦးအဖမ်းခံရတယ်။ အဲ့နောက်မှာ လူငယ် ၄ ဦးထက်အဖမ်းခံရတယ် ဒီဒလန်တွေက ပိုဆိုးလာလို့ခုလို သတိပေးစာထုတ်တာပါ၊  စာကတော့ PDF အနေနဲ့ထုတ်ထားမဟုတ်ပါဘူး တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထုတ်တာ''လို့ ပြောပါတယ်။

စစ်တပ်အမာခံသတင်းပေးတွေကို အသက်အာမ မခံကြောင်း သတိပေးစာကို ပစ္စတို ၁ လက် ကျည် ၃ တောင့်နဲ့အတူ ပူးတွဲထုတ်ပြန်ခဲ့ပြီး စာထဲမှာတော့ သတင်းပေးတာတွေမလုပ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ သတိပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းတနော်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲတာ စစ်တပ်သတင်းပေးတွေကို သတ်တာမရှိသေးမဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တော်တော်များများမှာ ဗုံးပေါက်ကွဲခဲ့ပြီး ဖျာပုံနဲ့ အသုတ်မြို့တွေမှာ စစ်တပ်သတင်းပေးတွေကို သေနတ်နဲ့ပစ်သတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013